This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday 20 June 2014

ဘိလိယက်ဝါသနာရှင်များအတွက် - Pool Break Pro - 3D Billiards v2.5.1 APK Update (May-21)


ဘိလိယက် ကိုဝါသနာပါသူများအတွက် အမိုက်စား ဘိလိယက် Game လေးတစ်ခုတင်ပေးလိုက်ပါတယ်ဗျာ။ Pool Break Pro 3D နောက်ဆုံးထွက် Version လေးပါ။ မြင်ကွင်းတွေ ရုပ်ထွက်တွေကတော့ 3D အတိုင်းဘဲ အတော်လန်းပါတယ်။ ကစားရဖို့အတွက်လည်း ဘိလိယက်ကစားနည်းပေါင်းများစွာကိုထည့်သွင်းပေးထား ပါတယ်။ ကွန်ပြူတာနဲ့ နှစ်ယောက်ယှဉ်ပြိုင်နိုင်သလိုဘဲ သူငယ်ချင်းအချင်းချင်းလည်း ယှဉ်ပြိုင်နိုင်ပါတယ်။ ကစားတဲ့ပုံစံတွေကို နမူနာကြည့်နိုင်ဖို့အတွက် အောက်မှာ Screen Shot တွေရိုက်ပြထားပါတယ်ဗျာ။ ကစား လို့ရမယ့်ကစားနည်းတွေကိုလည်း အောက်မှာရေးပြထားပါတယ်ဗျာ။ Android OS 2.2 နှင့်အထက်ဖုန်းများ မှာကစားနိုင်မှာဖြစ်ပါတယ်ဗျာ။








Pool Break Games Include:



  • US 8-Ball Pool 
  • UK 8-Ball Pool 
  • 9-Ball Pool 
  • 10-Ball Pool 
  • 3-Ball Pool 
  • 6-Ball Pool 
  • One Pocket Pool 
  • Straight or 14.1 Continuous Pool 
  • Carom (or 3-cushion) Billiards 
  • Pool Drills 
  • Place-n-Shoot Pool 
  • Regular Snooker 
  • Snooker 6-Reds
  • Snooker 10-Reds 
  • Carrom (three board styles) 
  • Crokinole board game





Pool Break Pro 3D - screenshot thumbnail 
Pool Break Pro 3D - screenshot 
Pool Break Pro 3D - screenshot
Pool Break Pro 3D - screenshot 
Pool Break Pro 3D - screenshot
Pool Break Pro 3D - screenshot  Pool Break Pro 3D - screenshot 
Pool Break Pro 3D - screenshot  Pool Break Pro 3D - screenshot


    >>>> မန်ဘာဝင်ပြီး Facebook Like ခြင်းဖြင့်အားပေးကြပါခင်ဗျာ <<<<

Facebook Photo Comment Selection (138ပုံ)


သူငယ်ချင်းတွေ တောင်းထားကြတဲ့ Facebook အတွက် Photo Comment Selection လာပါပြီဗျာ။ တင်ပေး မယ်ပြောထားပြီးခရီးသွားနေရလို့ နည်းနည်းကြာသွားတာနာလည်ပေးစေချင်ပါတယ်ဗျာ။ အခုဟာက ကျွန်တော်လက်လှမ်းမှီသလောက်လေး စုဆောင်းထားတာပါ။ စုစုပေါင်း ၁၃၈ပုံပါဝင်ပါတယ်ဗျာ။ ၁၃၈ပုံပါ တယ်ဆိုပြီး File Size ကြီးမယ်မထင်နဲ့ 1.9MB လေးပဲရှိပါတယ်ဗျာ။ အောက်မှာဒေါင်းယူနိုင်ပါပြီဗျာ။
                                                   zippyshare

Facebook မှ Profile Photo, Cover Photo အားသူများကူးယူ၍ မရအောင်လုပ်နည်း

 





Facebook မှ Profile Photo, Cover Photo အားသူများကူးယူ၍ မရအောင်လုပ်ခြင်း နည်းပညာကို Facebook အသုံးပြုသူတိုင်း စိတ်ဝင်စားမယ်လို့ထင်ပါတယ် … PC, Android, iOS သုံးမျိုးလုံးမှာ ပြုလုပ်လို့ရပါတယ် … သိပြီးသားသူတွေရှီသလို မသိရသေးတဲ့သူတွေလဲရှီမှာ … ထို့ကြောင့် မျှဝေလိုက်သည် … ကဲစရအောင်ဗျာ …
၁။ မိမိ အသုံးပြုတဲ့ PC ဖြစ်ဖြစ် Mobile ဖြစ်ဖြစ် Browser ကို အသုံးပြုရမှာဖြစ်ပါတယ် … Mobile Phone မှာအတွက် ထုပ်ထားသော Facebook Application များတွင်အသုံးပြု၍မရသည့်အတွက် Browser ကို အသုံးပြုခြင်းဖြစ်ပါတယ် …
၂။ Browser ကိုအသုံးပြုပြီး www.facebook.com သို့သွားပြီး မိမိအကောင့်ကို ဝင်လိုက်ပါ … ပြီးရင် Facebook Home ကိုသွားပြီး မိမိ Profile (သို့) Cover ထားလိုသောပုံကို ရွေးချယ်၍ ပုံ၏ ညာဘက်အောက်ထောင့်နားတွင်ရှီသောနေရမှာ Friend အစား Only me ပြောင်း၍ Post တင်လိုက်ပါ … Post တင်ပြီးသောအခါတွင် မိမိတစ်ဦးတည်းမြင်ရမှာဖြစ်ပါတယ် …
1
၃။ မိမိတင်လိုက်တဲ့ ပုံကို Click တစ်ချက်နှိပ်ပါ။ ထိုအခါ Option lable ကိုတစ်ချက်နှိပ်ပြီး  Make Profile Picture (သို့) Make Cover Photo ကိုရွေးခြင်းဖြင့် မိမိ Profile (သို့) Cover ကိုပြောင်း လဲစေပါ။  2014-05-11_22-16-00
၎။ ထို့နောက် မိမိ Facebook Timeline မှ Photo ထဲသို့ဝင်ပါ။
2
၅။ ပြီးနောက် Your Photos ထဲသို့သွားပါ။ ထိုအခါ မိမိ Profile (သို့) Cover ပြုလုပ်ထားသောပုံကိုတွေ့ရပါလိမ်မယ် …
3
၆။ မိမိ Profile (သို့) Cover ပြုလုပ်ထားတဲ့ပုံကိုတစ်ချက်နှိပ်လိုက်ပါ။ ထိုအခါ ပုံပေါ်လာပါလိမ့်မည်။ ပုံ၏ ညာဘက်အပေါ်ထောင့်နားတွင် Edit ကိုတစ်ချက်နှိပ်ပေးပါ။
5
၇။ Edit နှိပ်လိုက်ပါက အောက်ကပုံအတိုင်း မြင်တွေ့ရပါလိမ့်မယ် … Firend နေရာမှာ Only me လို့ပြောင်းလဲပေးလိုက်ပါ။
6
ထိုအခါ မည်သူမှ မိမိ Profile (သို့) Cover Photo တို့ကို Copy ကူယူခြင်း Save as လုပ်ခြင်းရတော့မည်မဟုတ်ပါ။ ယခု tutorial သည် Copy ရယူလို့မရအောင် ဖော်ပြခြင်းဖြစ်သည့်အတွက် … Copy ရယူလို့ရအောင် ပြုလုပ်နည်းကို မဖော်ပြတော့ပါ … :P
အားလုံးအဆင်ပြေကြပါစေခဗျာ

                                                  
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်

ကျနော်တင်တဲ့  Post  တွေကို

facebook Like မှာကြည့်ချင်းတယ်ဆိုရင် 

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday 19 June 2014

TeamViewer 9.0.2 Premium + Crack

 

29 May 2014 နေ့ကထွက်လာတဲ့ TeamViewer 9.0.2 Premium  ကို Full ဖြစ်စေ
ဖို့အတွက် Crack ဖိုင်လေးနဲ့တွဲပြီးတင်ပေးလိုက်ပါတယ်။files and folders တွေကို copy လုပ်နိုင်သည့်
အပြင် file transfer ပါပြုလုပ်နိုင်ပါတယ်။အခြားသူတစ်ယောက်ရဲ့စက်ထဲကိုဝင်ရောက်ပြုပြင်ပေးနိုင်တဲ့
ေေ ဆော့စ်ဝဲဆိုတာကတော့လူတိုင်းသိပြီးသားပါ။ သုံးပြုမယ်ဆိုရင် အောက်မှုာ ဒေါင်းလွတလုပ်နိုင်ပါတယ်
                                                             
                                                     Download
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday 17 June 2014

Folder တွေကိုဒီဇိုင်းဖော်ပေးမယ့် - Lovely Folders v4.3.0.887 (Full Version)

အခုတင်ပေးလိုက်တဲ့ Software လေးကတော့ အတော်လေးကိုလန်းတယ်ဗျာ။ ကွန်ပြူတာထဲမှာရှိတဲ့ Folder များရဲ့ ပုံစံကိုပြောင်းပေးနိုင်ပါတယ်။ အောက်ကပုံမှာမြင်ရတဲ့အတိုင်း Folder အရောင်လေးတွေအများကြီး ကိုမိမိစိတ်ကြိုက်ထားနိုင်ပါတယ်။
Folder Icon တွေကလည်းအများကြီးပါဝင်ပါတယ်။ ဒါ့အပြင် Folder Name ကိုလည်းစိတ်ကြိုက်အရောင်သတ်မှတ်ပြီးထား နိုင်ပါသေးတယ်။ Folder အတွင်းမှာရှိတဲ့ Background ကို လည်းပုံတွေနဲ့ ထားနိုင်ပါသေးတယ်ဗျာ။ ကျွန်တော် လည်းစမ်းသုံးကြည့်ပြီးသဘောကျတာနဲ့ ဘော်ဒါတွေ သုံးနိုင်အောင်တင်ပေးလိုက်တာပါ။ Serial Key , Patch , Crack တွေမလိုပါဘူး Double Click နှိပ်ပြီး အသုံးပြု ရုံပါဘဲ။
                               
                       

                    
                       သုံးပြုမယ်ဆိုရင်ဒီမှာDownload ယူနိုင်ပါတယ်

                                                               
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်

ကျနော်တင်တဲ့  Post  တွေကို

facebook Like မှာကြည့်ချင်းတယ်ဆိုရင် 

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Saturday 7 June 2014

Windows 7 နှင့် Windows 8 တွေမှာ ဆော့ဝဲလ်မလိုပဲ CMD Command ဖြင့် WIFI ပြန်လွှင့်နည်း




ကျနော် အခုတလော ကိစ္စတွေများပြီး အလုပ်တွေရှုပ်နေလို့ ပိုစ့်တွေလည်း ပုံမှန်မတင်ပေးဖြစ်ပါ..။ ကျနော်အသုံးပြုနေကျ အင်တာနက်ကလည်း 3G ကနေ 4G ကို Upgrade မြှင့်တယ်ဆိုပြီး လိုင်းတွေ အားလုံးကြောင်နေလို့ လိုင်းဖွင့်တိုင်း အသုံးပြုလို့ မရတဲ့အချိန်က ပိုများပါတယ်..။ လိုင်းမကောင်းသေးတဲ့အတွက် ဆော့ဝဲလ်တွေ Upload တင်ပေးဖို့ အဆင်မပြေသေးလို့ ဒီလုပ်နည်းလေးကိုပဲ အချိန်ရတုန်းလေး အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ WIFI ပြန်ထုတ်နည်းက Windows 8 နဲ့ Windows 7 တွေမှာ ကျနော် အသုံးပြုပြီး အဆင်ပြေတဲ့ နည်းလေးပဲ ဖြစ်ပါတယ်..။ လုပ်နည်းက သိပ်တော့ မခက်ပါဘူး..။ အောက်မှာ ပုံလေးတွေနဲ့ ကြည့်ပြီး လုပ်ပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်..။ Laptop တွေမှာတော့ အားလုံး အဆင်ပြေစေမှာ ဖြစ်ပြီး.. PC (Desktop) တွေမှာ ဆိုရင်တော့ Wireless Card ဆိုက်ထားတဲ့ WIFI အသုံးပြုလို့ ရတဲ့ စက်တွေမှာပဲ အဆင်ပြေမှာပါ..။ အရင်တုန်းကတော့ Connectify Pro ဆော့ဝဲလ်မျိုးတွေကို အသုံးပြုပြီးမှ WIFI ထုတ်လို့ ရတာဖြစ်ပြီး၊ အခုကတော့ ဆော့ဝဲလ်မလိုတော့ပဲ CMD ထဲမှာ စာကြောင်းအနည်းငယ် ရိုက်ထည့်ပြီး Setting မှာ လိုအပ်တာလေးတွေ လိုက်ပြောင်းပေးလိုက်ရင် မိမိတို့ စက်ကနေ WIFI ပြန်ထုတ်ယူပြီး ဖုန်းတွေနဲ့ တခြား ကွန်ပျူတာတွေမှာ အင်တာနက်ကို ကောင်းစွာအသုံးပြုလို့ ရသွားပါပြီ..။ အသုံးလိုတဲ့သူများအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဆက်ကြည့်လိုက်ပါဗျာ..။



အောက်ကဇယားကွက်လေးထဲမှ စာသားတွေကို Command Prompt မှာ ရိုက်ထည့်ပေးပါ..။ အပြာရောင်နဲ့ ပြထားတဲ့ နာမည်နဲ့ ဂဏန်းနေရာတွေမှာ မိမိတို့နာမည်နဲ့ နံပါတ်တွေကို ပြောင်းရိုက်ထည့်ပေးလိုက်ရင် ရပါပြီ..။ key နေရာကတော့ မိမိတို့ ပြန်ထုတ်လွှတ်ထားတဲ့ WIFI ကို အသုံးပြုတဲ့အခါ ရိုက်ထည့်ပေးရမယ့် Password တွေပဲ ဖြစ်ပါတယ်..။

netsh wlan show drivers
netsh wlan set hostednetwork mode=allow ssid=Lwinminbo key=12345678
netsh wlan start hostednetwork

အပေါ်မှာ ပေးထားတဲ့ စာကြောင်း သုံးကြောင်းကို Command Prompt ထဲမှာ ရိုက်ထည့်ပေးရမှာဖြစ်လို့ အရင်ဆုံး Command Prompt ကို အောက်ကပုံလေးတွေအတိုင်း ဖွင့်ပါတယ်..။ Administrator နဲ့ ဖွင့်ပါ..။ Windows 7 မှာ ဆိုရင်တော့ Search နေရာမှာ Command Prompt လို့ ရိုက်ထည့်ပြီး ပေါ်လာတဲ့ စာသားတွေထဲက Command Prompt စာသားပေါ်မှာ Right Click >> Run as administrator နဲ့ ဖွင့်ပါ..။ ဒီပိုစ့်မှာတော့ ကျနော် Windows 8 နဲ့ပဲ လုပ်ပြထားပါတယ်..။


အောက်ကတော့ Command Prompt ဖွင့်နည်း နောက်တမျိုးပါ..။



Command Prompt ကို Admin နဲ့ ဖွင့်လိုက်ပြီး အပေါ်မှာ ပေးထားတဲ့ ပထမစာကြောင်းကို ရိုက်ထည့် (သို့မဟုတ်) copy-past နဲ့ ထည့်ပြီး Enter တချက်ခေါက်ပေးလိုက်ပါ..။


အောက်ကပုံမှာ ပြထားသလို Yes စာသား ပေါ်လာရင်တော့ နောက်ထပ်စာကြောင်းတွေကို တကြောင်းစီ ရိုက်ထည့်ပြီး Enter တချက်စီ ခေါက်သွားလိုက်ပါ..။



အပေါ်ကစာကြောင်းတွေအတိုင်း အဆင့်ဆင့်ပေါ်လာပြီးရင်တော့ Command Prompt ကို Exit နဲ့ ပိတ်လိုက်လို့ ရသွားပါပြီ..။ ဒါဆိုရင် ကွန်ပျူတာကနေ WIFI ထုတ်လွှတ်ပေးနေပါပြီ..။ ဒါပေမယ့် အင်တာနက် အသုံးပြုလို့ မရသေးပါ..။ ဒါကြောင့် အောက်ကပုံလေးတွေအတိုင်း Setting မှာ တချက် သွားပြောင်းပေးဖို့ လိုပါတယ်..။ Setting ကနေပဲ ဖြစ်ဖြစ်၊ Control Panel ကနေပဲ ဖြစ်ဖြစ် Network and Sharing Center ကို ဖွင့်ပါ..။ ရှော့ကပ်အနေနဲ့ဖွင့်မယ်ဆိုရင်တော့ Run ဘောက်စ်မှာ ncpa.cpl စာသားကို ရိုက်ထည့်ပြီး ဖွင့်လို့လည်း ရပါတယ်..။



အောက်ကပုံ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့ပုံမှာ ကျနော့်စက်မှာတော့ Local Area Connection 13 လို့ ပေါ်နေပါတယ်..။ No Internet access ဖြစ်နေတဲ့အတွက် WIFI ထုတ်ထားပေမယ့်လည်း အင်တာနက်ကို အသုံးပြုလို့ မရသေးပါဘူး..။ ဒါကြောင့် မျှားနီပြထားတဲ့ Setting မှာ သွားပြောင်းပေးဖို့ လိုပါတယ်..။ အောက်ဆုံးပုံလေးတွေအတိုင်း ဆက်ကြည့်လိုက်ပါဗျာ..။


အောက်ကပုံမှာ မြင်ရတဲ့ အဆင့်မှာတော့ မိမိတို့ ပြန်ထုတ်လွှတ်ထားတဲ့ WIFI ကို မိမိတို့ ပေးထားတဲ့ နာမည်နဲ့ မြင်ရပါတယ်..။ ကျနော်ကတော့ LMB လို့ ပေးထားလို့ အပြာရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်းပါ..။
ပြောင်းပေးရမှာက အနီရောင်နဲ့ ပြထားတဲ့ နေရာမှာပဲ ဖြစ်ပါတယ်..။ မိမိတို့ အသုံးပြုနေတဲ့ Broadband (or) WIFI နေရာမှာ Right Click >> Properties ကနေ ဝင်သွားလိုက်ပါ..။ အောက်ကပုံလေးတွေ အတိုင်းပါ..။


အောက်ကပေါ်လာတဲ့ အဆင့်မှာ Sharing နေရာမှာ အပေါ်ပိုင်းက ပြထားတဲ့ပုံတွေမှာ ပေါ်နေတဲ့စာသား Local Area Connection 13 စာသားကို ရွေးယူပေးရမှာပဲ ဖြစ်ပါတယ်..။ ဒီနေရာမှာ စက်တလုံးနဲ့ တလုံး မတူတဲ့အတွက် မိမိတို့ စက်မှာ ပေါ်နေတတ်တဲ့ စာသားတွေကိုပဲ ကြည့်ပြီး တူအောင် ရွေးယူပေးရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ OK ပေးလိုက်ပါ..။ ဒါဆိုရင်တော့ မိမိတို့ ပြန်ထုတ်လွှတ်လိုက်တဲ့ WIFI မှာ အင်တာနက်ကို အသုံးပြုလို့ ရပါပြီ..။ တကယ်လို့ မရတတ်သေးတဲ့ သူများရှိခဲ့ရင် ကွန်ပျူတာမှာ အင်တာနက် Connection ကို Connect နဲ့ Disconnect ကို တလှည့်စီ ပိတ်လိုက်၊ဖွင့်လိုက် လုပ်ကြည့်ခြင်းဖြင့် အင်တာနက်ကို အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်..။


အပေါ်ကပုံလေးတွေအတိုင်း လိုက်ပြောင်းပေးပြီးရင်တော့ အောက်ကပုံလေးတွေအတိုင်း Shared နဲ့ Internet စာသားတွေ ပြောင်းလဲပေါ်နေရင်တော့ မိမိတို့ ပြန်ထုတ်လိုက်တဲ့ WIFI မှာ အင်တာနက်ကို ကောင်းစွာ အသုံးပြုလို့ ရသွားပါပြီ..။



အောက်ကပုံလေးကတော့ ကျနော့်ဖုန်းနဲ့ ကွန်ပျူတာမှ ဒီနည်းဖြင့် ပြန်ထုတ်ယူလိုက်တဲ့ WIFI အင်တာနက်ကို Connect လုပ်ပြီး အသုံးပြုထားတာပဲ ဖြစ်ပါတယ်..။ ဒီလောက်ဆိုရင်တော့ ဒီနည်းလေးကို အားလုံးပဲ အသုံးပြုတတ်လောက်ပါပြီ..။ အားလုံးပဲ လုပ်တတ်၍ အဆင်ပြေကြပါစေ..။

မှတ်ချက်။ ။စက်ပိတ်လိုက်တဲ့အခါမှာ ထုတ်လွှတ်ထားတဲ့ WIFI ပါ ပိတ်သွား၊ ပျောက်သွားပါတယ်..။ တခါပြန်အသုံးပြုလိုတဲ့အခါ အပေါ်ကနည်းအတိုင်း ပြန်ပြီး အဆင့်ဆင့် ပြန်လုပ်ပေးမှ WIFI ကို ပြန်လည် ထုတ်လွှတ်အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်..။

ACDSee Pro 7.0 Build 138 (x86) Incl Key (61.8 Mb)






Photo Editor and Management ဆော့ဝဲ တခုဖြစ်တဲ့ ACDSee Pro 7(x86) ကိုတင်ပေး
လိုက်ပါတယ်။32-Bit(x86) အတွက် ရှိရင်တင်ပေးပါလို့တောင်းဆိုထားတာ ကြာပါပြီ။အလုပ်များ
နေတဲ့အတွက် အခုမှဘဲတင်ပေးဖြစ်ပါတယ်။ သုံးမယ်ဆိုရင် အောက်မှာလင့်ထားထာပါတယ်
 Size;_ကတော့ 61.4 (MB)ပဲရှိတယ်လိုချင်းရင်ဒေါင်းယူသွားပ
                                     zippyshare                                        အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

                                   
                                                  

                                                      

                                                      

ကွန်ပျူတာအတွက် 2014 သုံးဘာသာပြက္ခဒိန် Version 1.0 (3MB)




 ပြက္ခဒိန်မကြည့်ဖြစ်သူများအတွက် ကွန်ပျူတာတွင် အသုံးပြုနိုင်သော ၂၀၁၄ ပြက္ခဒိန်ကို အခမဲ့ရယူနိုင်ပါပြီ။ ထိုပြက္ခဒိန်တွင် မြန်မာ ၊ အင်္ဂလိပ် ၊ တရုတ် (၃) ဘာသာ ပါရှိပြီး နေ့ကြီး နေ့မြတ်များကိုလည်း ပြည့်စုံစွာ ထည့်ပေးထားပါသည်။ ရက်ရာဇာ ၊ ပြဿဒါးများလည်း ပါရှိပါသည်။ ရွက်စုတ်ပြက္ခဒိန်ကဲ့သို့ ရက်များကို ကြည့်ရှုနိုင်မှာပါ။ ၂၀၁၃ အတွက် ရုံးပိတ်ရက် ၊ အားလပ်ရက်များကိုလည်း သီးသန့်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
၂၀၁၄ အတွက် ပြက္ခဒိန်ကို လိုချင်တယ်ဆိုရင်တော့ အောက်ကလင့်ကနေ ဒေါင်းလိုက်ပါ။

အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Windows Vista/7/8 Desktop Icon တွေပေါ်က မျှားခေါင်းလေးတွေ ဖျောက်ကြရအောင်




Windows အသစ်တင်ပြီးတိုင်း Desktop မှာရှိနေတဲ့ Icon တွေပေါ်မှာ မျှားခေါင်းလေးတွေ
(Windows Shotcut Arrow) ကပ်နေတတ်ပါတယ်။
အဲဒီမျှားခေါင်းလေးတွေ ရှိနေတာက ဘာမှမဖြစ်ပေမဲ့ မျက်စိထဲမှာ ကြည့်ရတာ မလှပသလို
ဖြစ်နေပါတယ်။ကြည့်လို့ကောင်းအောင်၊Desktop
Icon လေးတွေ သန့်သန့်လေးတွေ ဖြစ်သွား
အောင် Windows Shotcut Arrow Editor ကိုအသုံးပြုပြီး မျှားလေးတွေကို ဖျောက်ပစ်နိုင်ပါ
တယ်။

Windows Vista,7 x64
Windows Vista,7 x86
Windows 8 x64
Windows 8 x86...ဆိုပြီးတဖိုင်စီခွဲခြား တင်ပေးထားပါတယ်။
အသုံးပြုရန်...
-RAR ဖိုင်လေးကိုဒေါင်းလုပ်ယူပြီး Extract လုပ်ပါ။
-Windows Shotcut Arrow Editor.exe ကို Run as Administrator ဖြင့် run လိုက်ပါ။
-No Arrow ကို ကလစ်ပေးပါ။
-ဒါဆို Icon ပေါ်ကမျှားတွေ ပျောက်ကုန်ပါပြီ..။
Windows Vista,7 x64      Download
Windows Vista,7 x86     Download
Windows 8 x64            Download  
Windows 8 x86            Download
                                             
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday 5 June 2014

2014 rev. 9.71 + Serial Key Latest Version


Antivirus Software တွေမတင်ပေးရတာကြာလို့ မွှေမွှေနှောက်နှောက် ရှာဖွေလိုက်တာ Smadav Antivirus 2014 ဆိုတဲ့ Antivirus Software လေးတစ်ခုတွေ့တယ်ဗျာ။ အဲဒီ Antivirus ကိုကျွန်တော်လိုချင်နေတာ ကြာပြီဗျ။ ဓါတ်ပုံဆိုင်တစ်ဆိုင်မှာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ကတည်းက သဘောကျနေတာပါ။ ဒီ Antivurus ကိုမနေ့ညက နည်းနည်းကလိကြည့်လိုက်တာ သူ့ရဲ့ Protection တွေကိုအတော်လေးသဘောကျ လို့ အခြားသောသူငယ်ချင်းတွေ အသုံးပြုနိုင်အောင် ပြန်တင်ပေးလိုက်ပါတယ်ဗျာ။ ကွန်ပြူတာထဲသို့ USB ထိုးလိုက်တာနဲ့ USB ကိုအသေးစိတ် Virus Scan ဖတ်ပေးနိုင်တာ တော်တော်မိုက်တယ်ဗျာ။ သူ့ရဲ့ Feature တွေကလည်းအများကြီးပါ။ USB Virus Scan သာမက PC တစ်ခုလုံးကိုပါ Virus Scan လုပ်ပေးနိုင်ပါ တယ်ဗျာ။ Full Version အသုံးပြုနိုင်အောင် Serial Key ကိုပါထည့်သွင်းပေးထားပါတယ်ဗျာ။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoL0x5Ay4wOV0Vnzt5zkuZLy5nT_4jgCdhwq8ItnaYOuVbmG2GlN8O7w88slW524blwm-NiBotUSQSWBAjc4wufE5ZBbyznBAfbIQvUxUTr7G4ojkqSu_T1ukpGFJ2bAde4R2DX-HFuxPc/s1600/smadav97.JPG 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJk0wuVJgTptsgPNDbF_uI3VN43BigbXS0a7BsrE-_mU4YjGpZkXOsaJRih1MKVJ3xAwicmW5xUbORO-g1aPP09MuCwtTpJpVVfzybpBSMQhem8whAWQELubviJ4WxDU6svyEZJUQEGX8/s1600/download+smadav.PNG
                                         သုံးချင်းတဲ့သူတွေအောက်မှာဒေါင်းယူနိုင်ပါတယ်
                                                      zippyshare
                                           
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday 3 June 2014

weddings psd သုံးချင်းတဲ့သူ့ အတွက်ပါ

 
မင်္ဂလာဆောင်ဝတ်စုံ psd သုံးချင်းတဲ့သူ့ အတွက်
ရည်ရွယ်ပြီးတော့တင်ပေးလိုက်တယ်
ဘော်ဘော်တို့ ကြိုက်ကြမယ်ထင်တယ်
Size;-ကတော့ 13.2 MB ရှိတယ်
 သုံးချင်းတဲ့သူတွေ အောက်မှာဒေါင်းယူနိုင်ပါတယ်

အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်