Wednesday 23 July 2014

ကွန်ပျူတာ Desktop ပေါ်မှာ နာရီ တင်ထားဖို့ အတွက်


ကွန်ပျူတာ Desktop ပေါ်မှာ နာရီ တင်ထားဖို့ အတွက် အသုံးပြုတဲ့ Software ဖြစ်ပါသည်။ Window 7 အသုံးပြုသူများအတွက်မလိုအပ်သော်လည်း Window XP အသုံးပြုသူများအတွက် အသုံးဝင်ပါသည်။ နာရီ  အရွယ်ပမာဏ၊ အရောင် စသည်တို့ကို မိမိတို့စိတ်ကြိုက်နှစ်သက်သလိုပြောင်းလဲ ပြင်ဆင်ပေးနိုင်ပါသည်။



Portable Software တစ်ခုဖြစ်ပြီး Install ပြုလုပ်ပ်စရာမလိုအပ်ပဲ Double Click ကိုနှိပ်၍ အသုံးပြုနိုင်ပါ သည်။ Double Click နှိပ်လိုက်သည်နှင့် အောက်ဖော်ပြပါပုံအတိုင်းတွေ့မြင်ရမည်ဖြစ်ပြီး အသုံးပြုရန်အတွက် အသင့်ဖြစ်နေပါမည်။ Size တွင် နာရီ၏ အရွယ်ပမာဏကို အတိုးအလျော့ပြုလုပ်နိုင်ပါသည်။ Transparency တွင် ရွေးချယ်ထားသောနာရီ၏ အရောင်အနုအရင့်ကို ပြင်ဆင်နိုင်ပါသည်။ Image / Texture တွင် မိမိနှစ် သက်ရာအရောင်ကို ရွေးချယ်နိုင်ပါသည်။ Desktop ပေါ်တွင် မိမိရှိစေချင်သည့်နေရာသို့ Drag ဆွဲပြီးနောက် Fixed at that position ကို Check ပေး၍ အသေထားရှိနိုင်ပါသည်။ ကွန်ပျူတာဖွင့်သည်နှင့် Desktop ပေါ် တွင် ရှိစေလိုပါက Start With Window ကို Check ပြုလုပ်ပေးရပါမည်။ Download ချရန် 1.81 MB ခန့်သာရှိ ပါသည်။
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်

ကျနော်တင်တဲ့  Post  တွေကို

facebook Like မှာကြည့်ချင်းတယ်ဆိုရင် 

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

0 comments :

Post a Comment