Monday 28 October 2013

ဆီးဂိမ်းစ်တွင် အားကစားနည်း ၃၃ မျိုး ကျင်းပမည်ဟု အတည်ပြု



မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲ တွင် ကစားနည်း၃၃ မျိုး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ပြုလုပ်ခဲ့ သည့် အရှေ့ တောင်  အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရှိရသည်။

ပြေးခုန်ပစ်၊ ရေကူး/ ဒိုင်ဗင်၊ မြားပစ်၊ ကြက်တောင်၊ ဘက်စ် ကတ်ဘော၊ ကာယဗလ၊ ဘိလိယက်၊ စနူကာ၊ လက်ဝှေ့၊ကနူးလှေ/ ရိုးရာ လှေ/ အနောက်တိုင်းလှေ၊ ရွက်လှေ၊ စစ်တုရင်၊ စက်ဘီး၊ မြင်းစီး၊ ဘောလုံး/ ဖူဆယ်၊ ဂေါက်သီး၊ စားပွဲတင် တင်းနစ်၊မြွေထိုင်းလက်ဝှေ့၊ ဟော်ဂီ၊ ဂျူဒို၊ နဗန်း၊ ကာရာတေးဒို၊ ကမ်ဘို၊
ဗိုရီနမ်၊ ပန်ကြပ်ဆီလပ်၊ ပိုက်ကျော်ခြင်း/ ရိုးရာခြင်း၊ သံလုံးပစ်၊သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ ဘောလီ ဘော၊ အလေးမ၊ ၀ူရှုး စသည့် အားကစားနည်းများ ကျင်းပသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

“ကြိုတင်ပြင်ဆင်ထားတဲ့ ကစားနည်းတွေထဲက ပြုတ်သွားတာတွေလည်းရှိတယ်။ ထပ်ပြီးတိုးလာ တာတွေ လ ည်းရှိတယ်” ဟုအားကစားနှင့် ကာယပညာသိပ္ပံ၊ လူထုအားကစားနှင့် ပညာပေးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

အစောပိုင်းက အားကစားနည်း ၂၉ မျိုးအတွက် ဆီးဂိမ်းတွင်ပြိုင်ပွဲပေါင်း ၄၀၉ ပွဲ ကျင်းပမည်ဖြစ်ပြီး ဆုတံ ဆိပ်ပေါင်း ၁၃၅၇ ခုချီးမြှင့်သွား မည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ယခုအခါ အားကစားနည်း အပေါ်မူ တည်၍ ပြောင်းလဲမှုများ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း သိရ သည်။

“ဘယ်နေရာမှာ ဘယ်အားကစားနည်းတွေ ကစားမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ အစည်းအဝေး လုပ်ပြီး မှ ဆုံးဖြတ်ချက်ထပ်ချမှာပါ” ဟု ဦးဌေးအောင်က ဆက်လက်ပြောကြားသည်။

အစောပိုင်း ရန်ကုန်တွင် အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များ၊ သေနတ်ပစ်၊ ကာယဗလ၊ အလေးမနှင့် ရိုးရာအားကစား နည်း တစ်မျိုးဖြစ်သော ဆိုရင်ဂျီကမ်ပို အားကစားများ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတွင် အမျိုးသမီး ဘောလုံးပွဲစဉ်များ၊ငွေဆောင်တွင် ရွက်လှေ အားကစားနည်း များ၊ နေပြည်တော် တွင်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားနှင့် ကျန်အားကစားနည်းများကို ကျင်းပ
သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

0 comments :

Post a Comment