Monday 28 October 2013

၂၀၁၃ ဆီးဂိမ်းအတွက် တရုတ်နည်းပြ ၂၁ ဦး ရောက်ရှိ




မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် အားကစားနည်း ၁၂ နည်းကို နည်းပြရန် တရုတ်နိုင်ငံမှ ၂၈ ယောက် ပါဝင်သော နည်းပြအဖွဲ့ ရန်ကုန်မြို့သို့ ယနေ့ညနေကရောက်ရှိလာခဲ့သည်။

နည်းပြအဖွဲ့တွင် ပြေးခုန်ပစ်၊ ၀ူရှူး၊ စက်ဘီး၊ သေနတ်ပစ်၊ ဂျွမ်းဘား၊ ရေကူး၊ ဒိုင်ဗင်၊ ကနူးလှေ၊ လှေလှော်၊ ဘတ်စကက် ဘော၊ အလေးမ၊ လက်ဝှေ့ စသည့် အားကစားနည်းပြများအပြင် ကြံ့ခိုင်ရေးနည်းပြများနှင့် အုပ်ချုပ်သူ၊ စကားပြန်များ ပါဝင်ကြောင်း သိရသည်။

နည်းပြအဖွဲ့ခေါင်းဆောင် မစ္စတာ ကျန်ကျင်းစန်းက “အခု လာရောက်တဲ့ နည်းပြတွေဟာ ပြည်နယ်အဆင့် အားကစားသမား တွေကို သင်ကြားပေးတဲ့ နည်းပြတွေအပြင်၊ နိုင်ငံတော်အဆင့် နည်းပြတွေလည်း ပါပါတယ်” ဟုပြောကြားသည်။

နည်းပြအဖွဲ့၏ ကုန်ကျစရိတ်အားလုံးကို တရုတ်နိုင်ငံအစိုးရက တာဝန်ယူ ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး ဦးရွှေမြစ်က ပြောကြားသည်။

တရုတ်နိုင်ငံမှ နည်းပြများမှာ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးသည်အထိ ၁၂ လကြာ သင်ကြားပို့ချ   ပေးသွား မည်ဖြစ်ကြောင်း၊ လေ့ကျင့် ရေး ကိရိယာများ၊ ပြိုင် ပွဲဝင်ပစ္စည်းများအပြင် ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲများ ကိုလည်း ကူညီပေးသွား မည်ဖြစ်ကြောင်း ဦးရွှေမြစ်က ပြောကြားသည်။

0 comments :

Post a Comment