This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အားကစား သတင်း. Show all posts
Showing posts with label အားကစား သတင်း. Show all posts

Monday, 28 October 2013

၂၀၁၃ ဆီးဂိမ်းအတွက် တရုတ်နည်းပြ ၂၁ ဦး ရောက်ရှိ




မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအတွက် အားကစားနည်း ၁၂ နည်းကို နည်းပြရန် တရုတ်နိုင်ငံမှ ၂၈ ယောက် ပါဝင်သော နည်းပြအဖွဲ့ ရန်ကုန်မြို့သို့ ယနေ့ညနေကရောက်ရှိလာခဲ့သည်။

နည်းပြအဖွဲ့တွင် ပြေးခုန်ပစ်၊ ၀ူရှူး၊ စက်ဘီး၊ သေနတ်ပစ်၊ ဂျွမ်းဘား၊ ရေကူး၊ ဒိုင်ဗင်၊ ကနူးလှေ၊ လှေလှော်၊ ဘတ်စကက် ဘော၊ အလေးမ၊ လက်ဝှေ့ စသည့် အားကစားနည်းပြများအပြင် ကြံ့ခိုင်ရေးနည်းပြများနှင့် အုပ်ချုပ်သူ၊ စကားပြန်များ ပါဝင်ကြောင်း သိရသည်။

နည်းပြအဖွဲ့ခေါင်းဆောင် မစ္စတာ ကျန်ကျင်းစန်းက “အခု လာရောက်တဲ့ နည်းပြတွေဟာ ပြည်နယ်အဆင့် အားကစားသမား တွေကို သင်ကြားပေးတဲ့ နည်းပြတွေအပြင်၊ နိုင်ငံတော်အဆင့် နည်းပြတွေလည်း ပါပါတယ်” ဟုပြောကြားသည်။

နည်းပြအဖွဲ့၏ ကုန်ကျစရိတ်အားလုံးကို တရုတ်နိုင်ငံအစိုးရက တာဝန်ယူ ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ သံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး ဦးရွှေမြစ်က ပြောကြားသည်။

တရုတ်နိုင်ငံမှ နည်းပြများမှာ ဆီးဂိမ်းစ်ပြိုင်ပွဲ ပြီးဆုံးသည်အထိ ၁၂ လကြာ သင်ကြားပို့ချ   ပေးသွား မည်ဖြစ်ကြောင်း၊ လေ့ကျင့် ရေး ကိရိယာများ၊ ပြိုင် ပွဲဝင်ပစ္စည်းများအပြင် ဆီးဂိမ်းဖွင့်ပွဲနှင့် ပိတ်ပွဲများ ကိုလည်း ကူညီပေးသွား မည်ဖြစ်ကြောင်း ဦးရွှေမြစ်က ပြောကြားသည်။

မြန်မာ အားကစားသမား ၁၇၀ တရုတ်နိုင်ငံတွင် လေ့ကျင့်မည်


တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မြန်မာ့ အားကစားကဏ္ဍ အကူအညီ ပေးရေး အစီအစဉ် အဖြစ် မြန်မာ အားကစားသမား ၁၇၀ ကို ခေါ်ယူ လေ့ကျင့်ပေးမည်ဖြစ်ကြောင်း တရုတ် သံရုံးမှ သံရုံး အရာရှိ တစ်ဦးက   ပြောကြားသည်။

တရုတ် နိုင်ငံက မြန်မာနိုင်ငံသို့ အားကစား နည်းပြများ စေလွှတ်ရန်၊ မြန်မာ ကစား သမားများ အတွက် လေ့ကျင့်ရေး ကိရိယာ များနှင့် ပြိုင်ပွဲဝင် ပစ္စည်းများ အထောက်အပံ့ ပေးရန်၊ အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ အုပ်ချုပ်ရေး စနစ်များ ရေးဆွဲ ရာတွင် အကူအညီ ပေးရန်နှင့် ဖွင့်ပွဲ ပိတ်ပွဲ အခမ်းအနား ကျင်းပရေးတို့ တွင် အကူအညီ ပေးရေး အစီအစဉ် များလည်း ပါဝင်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိ လာသည့် အားကစား နည်းပြ အဖွဲ့များမှာ တရုတ်နိုင်ငံနှင့် မြန်မာ နိုင်ငံကြား အားကစားနှင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး အတွက် အကူအညီ ပေးရေး အစီအစဉ် များထဲမှ တစ်ခုဖြစ်ကြောင်း အားကစား ဝန်ကြီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်ကြာအောင်က ပြောဆိုသည်။

ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် မြန်မာ ကစားသမားများ အောင်မြင်မှု ရရှိနိုင်ရန် အတွက် တရုတ် နိုင်ငံက အကူအညီ ပေးသည့် အဆင့်မြင့် အားကစား အဖွဲ့မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃နာရီကျော်က ရန်ကုန်မြို့တော် သို့ ရောက်ရှိလာပြီး ယင်းနည်းပြ အဖွဲ့တွင် အားကစားနည်း ၁၃ မျိုး အတွက် နည်းပြ ၂၆ ဦး ပါဝင်ကာ မစ္စတာ ကျန်းကျင်စန်းမှာ အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

ဆီးဂိမ်းတွင် ဆုတံဆိပ် ၁၃၀၀ ကျော် ချီးမြှင့်မည်



ဆီးဂိမ်းတွင် ဆုတံဆိပ် စုစုပေါင်း ၁၃၅၇ ခု ချီးမြှင့်သွားရန် စီစဉ်ထားသည်ဟု အားကစားဝန်ကြီးဌာနမှ သိရသည်။ယင်းဆုတံဆိပ်များကို ပြိုင်ပွဲ ၄၀၉ ပွဲတွင် ပေးအပ်သွားမည် ဖြစ်ပြီး ရွှေဆု ၄၀၉၊ ငွေ ၄၀၉၊ ကြေး ၅၃၉ ဆု ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ပေးအပ်ချီးမြှင့်ဆုများတွင် ပြေးခုန်ပစ် အားက စားနည်းနှင့် ရေကူး/ဒိုင်ဗင်ကစားနည်းများမှာ ဆုတံဆိပ် အများဆုံး ဖြစ်ပြီး ယင်းကစားနည်း ၂ ခုပေါင်း ဆုတံဆိပ်  မှာ ၂၁၀ အထိ ရှိကြောင်း သိရသည်။

အဆိုပါ ဆုများ အတည်ပြုကြေငြာခြင်းကို ယခုလ ၂၉ ရက်နေ့တွင် ကျင်းပမည့် SEAGF အစည်းအဝေးတွင် အတည်ပြု ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

From:Popular

ဆီးဂိမ်း ပရိသတ် သီးသန့် ကား၊ ရထားနှင့် လေယာဉ်ဈေး လျှော့ပေးမည်

ဆီးဂိမ်း ပြိုင်ပွဲ ကြည့်ရှုလို သူများကို ကား၊ ရထား၊ လေယာဉ်များ သီးသန့် ဈေးနှုန်း လျှော့ချ ပြေးဆွဲပေးရန် ရှိသည် ဟု အားကစား ဝန်ကြီး ဌာနမှ သိရသည်။ ”ပို့ဆောင်ရေး ဝန်ကြီး ဌာန က ညှိနှိုင်း   ဆွေးနွေးမှုတွေ ပြုလုပ် နေပါတယ်။ ဆီးဂိမ်း သီးသန့် ကား တွေ၊ ရထားတွေ၊ လေယာဉ်တွေ အထူး အစီ အစဉ် တစ်ခု အနေ နဲ့ ဈေးလျှော့ ပြေးဆွဲနိုင်အောင် လုပ်ပေး သွားမှာပါ” ဟု အား ကစား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက ပြောသည်။

ရန်ကုန်- နေပြည်တော် ပြေးဆွဲသည့် ခရီးစဉ်များကို ဈေးနှုန်း လျှော့ချမှု အများဆုံး ပြုလုပ်ပေး သွားမည်ဖြစ်ပြီး သာမန် ပြေးဆွဲပေးသည့် အခေါက်ရေများ အပြင် အစီးရေ ကိုပါ တိုးချဲ့ပြေးဆွဲသွား ရန် ရှိကြောင်း ၄င်းကဆက်ပြော သည်။ ”ကားအစီးရေ ကိုတော့ တစ်ထောင် အထိ ပြေး ဆွဲနိုင်အောင် ဆောင် ရွက်ပေး သွားမှာပါ။ လေယာဉ် နဲ့ မီးရထားကိုလည်း လက်ရှိ ပြေးဆွဲပေးနေ တဲ့ အစီးရေ ထက် ပိုပြီး ပြေးဆွဲပေး ဖို့ စီစဉ် ထားပါတယ်”ဟု ၄င်းကပြော သည်။

 ယင်းအပြင် အားကစားပွဲ ကျင်းပမည့် မြို့များသို့ ရောက်ရှိ ပါက ကစားကွင်းသို့ လွယ်လင့် တကူ ရောက်ရှိစေရန် အတွက် သက်ဆိုင်ရာ မြို့များ၌ ပြေးဆွဲ နေသည့် မြို့တွင်း ယာဉ်လိုင်းများ လည်း တိုးချဲ့ပြေးဆွဲပေးရန် ရှိ ကြောင်း သိရသည်။ (၂၇) ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစား ပြိုင်ပွဲကို မြန်မာနိုင်ငံ အနေဖြင့် ၄၄ နှစ် ကြာမှ ကျင်းပခွင့် ရရှိခဲ့ခြင်း ဖြစ်ပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်မှ ၂၂ ရက် အထိ ရန်ကုန်၊ နေပြည် တော်၊ မန္တလေး၊ ငွေဆောင် မြို့ များတွင် ကျင်းပရန် စီစဉ်ထား သည်။

 ”နေပြည်တော် ဆီးဂိမ်းသွားကြည့်ဖို့ ဆိုရင် အသွား/အပြန် ကားခ၊ စားစရိတ်၊ နေစရိတ် စုစုပေါင်း သုံးသောင်းကျော်၊ လေးသောင်းလောက် ကုန်ကျမှာပါ။ ကားခ အလကား မပေးရင်တောင် သင့်တင့် တဲ့ နှုန်းလောက် ဖြစ်မှ သွားကြည့်ဖြစ်မှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ကြည့်ဖို့ ဘယ်လို မှ ဖြစ်နိုင်ခြေ မရှိပါ ဘူး” ဟု ကျောက်တံတား မြို့နယ်မှ အား ကစား ပစ္စည်း အရောင်းဆိုင် ဝန်ထမ်းတစ်ဦးက ပြောသည်။

 လက်ရှိတွင် ရန်ကုန်မှ နေပြည်တော် သို့ ပြေးဆွဲနေသည့် ကားခနှုန်းထားမှာ ခြောက်ထောင်ကျပ် ဖြစ်ပြီး၊ ရထား ခ နှုန်းမှာ ရိုးရိုးတန်း သုံးထောင်နှင့် အထက် တန်း ခြောက်ထောင် နှုန်းရှိကြောင်း သိရ သည်။

From:Myanmar News

ဆီးဂိမ်းစ်တွင် အားကစားနည်း ၃၃ မျိုး ကျင်းပမည်ဟု အတည်ပြု



မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားက စားပြိုင်ပွဲ တွင် ကစားနည်း၃၃ မျိုး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ပြုလုပ်ခဲ့ သည့် အရှေ့ တောင်  အာရှ အားကစားပြိုင်ပွဲ အဖွဲ့ချုပ် ကောင်စီအစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရှိရသည်။

ပြေးခုန်ပစ်၊ ရေကူး/ ဒိုင်ဗင်၊ မြားပစ်၊ ကြက်တောင်၊ ဘက်စ် ကတ်ဘော၊ ကာယဗလ၊ ဘိလိယက်၊ စနူကာ၊ လက်ဝှေ့၊ကနူးလှေ/ ရိုးရာ လှေ/ အနောက်တိုင်းလှေ၊ ရွက်လှေ၊ စစ်တုရင်၊ စက်ဘီး၊ မြင်းစီး၊ ဘောလုံး/ ဖူဆယ်၊ ဂေါက်သီး၊ စားပွဲတင် တင်းနစ်၊မြွေထိုင်းလက်ဝှေ့၊ ဟော်ဂီ၊ ဂျူဒို၊ နဗန်း၊ ကာရာတေးဒို၊ ကမ်ဘို၊
ဗိုရီနမ်၊ ပန်ကြပ်ဆီလပ်၊ ပိုက်ကျော်ခြင်း/ ရိုးရာခြင်း၊ သံလုံးပစ်၊သေနတ်ပစ်၊ တိုက်ကွမ်ဒို၊ ဘောလီ ဘော၊ အလေးမ၊ ၀ူရှုး စသည့် အားကစားနည်းများ ကျင်းပသွားမည် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။

“ကြိုတင်ပြင်ဆင်ထားတဲ့ ကစားနည်းတွေထဲက ပြုတ်သွားတာတွေလည်းရှိတယ်။ ထပ်ပြီးတိုးလာ တာတွေ လ ည်းရှိတယ်” ဟုအားကစားနှင့် ကာယပညာသိပ္ပံ၊ လူထုအားကစားနှင့် ပညာပေးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

အစောပိုင်းက အားကစားနည်း ၂၉ မျိုးအတွက် ဆီးဂိမ်းတွင်ပြိုင်ပွဲပေါင်း ၄၀၉ ပွဲ ကျင်းပမည်ဖြစ်ပြီး ဆုတံ ဆိပ်ပေါင်း ၁၃၅၇ ခုချီးမြှင့်သွား မည်ဟု သတင်းထုတ်ပြန်ထားသော်လည်း ယခုအခါ အားကစားနည်း အပေါ်မူ တည်၍ ပြောင်းလဲမှုများ ပြုလုပ်ရဦးမည်ဖြစ်ကြောင်း သိရ သည်။

“ဘယ်နေရာမှာ ဘယ်အားကစားနည်းတွေ ကစားမယ်ဆိုတာ မဆုံးဖြတ်ရသေးပါဘူး။ အစည်းအဝေး လုပ်ပြီး မှ ဆုံးဖြတ်ချက်ထပ်ချမှာပါ” ဟု ဦးဌေးအောင်က ဆက်လက်ပြောကြားသည်။

အစောပိုင်း ရန်ကုန်တွင် အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အုပ်စု အဆင့်ပွဲစဉ်များ၊ သေနတ်ပစ်၊ ကာယဗလ၊ အလေးမနှင့် ရိုးရာအားကစား နည်း တစ်မျိုးဖြစ်သော ဆိုရင်ဂျီကမ်ပို အားကစားများ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတွင် အမျိုးသမီး ဘောလုံးပွဲစဉ်များ၊ငွေဆောင်တွင် ရွက်လှေ အားကစားနည်း များ၊ နေပြည်တော် တွင်ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနားနှင့် ကျန်အားကစားနည်းများကို ကျင်းပ
သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို ပြည်သူများ စိတ်ဝင်စားမှု လျှော့နည်းနေဆဲ



အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကို လာမည့် ဒီဇင်ဘာလမှ စတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့၌ စတင် ကျင်းပတော့ မည် ဖြစ်သော်လည်း ပရိတ်သတ်များ၏ စိတ်ဝင်စားမှုမှာ လျော့ကျနေဆဲဖြစ်ကြောင်း ဆီးဂိမ်းစ်လှုံ့ဆော်ရေး တာဝန်ယူထားသည့် (ADMA) မီဒီယာမှ ဒုတိယ ဥက္ကဋ္ဌက ပြောကြားသည်။
အားကစား ဝန်ကြီးဌာန၏ မီဒီယာတစ်ခုဖြစ်သော (ADMA) မီဒီယာမှ ဒုတိယဥက္ကဌ ဦးဝေမင်းမောင်က “မြန်မာနိုင်ငံမှာက အားကစား သိပ်မအောင်မြင်တဲ့ နိုင်ငံဆိုတော့ ဆီးဂိမ်းပြိုင်ပွဲကို စိတ်ဝင်စားမှု တော်တော်ကြီးကို နည်းပါတယ်” ဟု ရန်ကုန်မြို့ Park Royal Hotal ၌် ယနေ့ညနေတွင် ပြုလုပ်ခဲ့သော (၂၇)ကြိမ်မြောက် ဆီးဂိမ်း လှုံ့ဆော်မှု အစီအစဉ်များနှင့် ပတ်သက်သော စာနယ်ဇင်း ရှင်းလင်းပွဲ ပြောကြားသည်။
(ADMA) မီဒီယာသည် ဆီးဂိမ်းစ် အကြိုလှုံ့ဆော်မှုအနေဖြင့် မြဝတီ၊ မြန်မာ့အသံ၊ Sky Net စသည့် ရုပ်သံလိုင်းများတွင် အစီအစဉ်များ ထည့်သွင်း ပြသလျက်ရှိ ပြီး ပြည်သူများ တိုက်ရိုက် ပါဝင်နိုင်ရန်အတွက် Live Show ပွဲများ လုပ်ရန်လည်း စီစဉ်နေကြောင်း သိရသည်။
“လောလောဆယ်တော့ ဆီးဂိမ်းစ် ဂုဏ်ပြု ဇာတ်လမ်းတိုကို တနင်္လာနေ့တိုင်း မြန်မာ့အသံမှာ လွှင့်တယ်၊ အင်္ဂါနေ့မှာဆို မြဝတီမှာ လွှင့်တယ်၊ ပြီးတော့ ကစားသမား တစ်ဦးချင်စီရဲ့ လှုပ်ရှားမှု တတ်ကြွမှုတွေကို ပုံဖော်စေတဲ့ Go for Gold အစီအစဉ်လေးကိုလည်း လွှင့်နေပါတယ်၊ လာမယ့် ဧပြီလ (၁ဝ)ရက်နေ့မှာလည်း My Mind Game / My Sea Game ဆိုတဲ့ ဆီးဂိမ်းနဲ့ ပတ်သက်တဲ့ ဥာဏ်စမ်း ဗဟုသုတ အစီအစဉ်ကို မြန်မာ့အသံကနေ ထုတ်လွှင့်သွားဖို့ ရှိပါတယ်” ဟု
ဦးဝေမင်းမောင် က ပြောသည်။
အနုပညာရှင်များလည်း ဆီးဂိမ်းစ် အကြိုလှုံ့ဆော်ရေးတွင် ပါဝင်ကူညီလျက်ရှိကြောင်း သိရပြီးသရုပ်ဆောင် မြင့်မြတ်က “ကျွန်တော်တို့ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ဆီးဂိမ်း ပြိုင်ပွဲက ကျွန်တော်တို့ နိုင်ငံသား အားလုံးအတွက် အရေးလည်း ကြီးတယ်၊ အမှတ်တရလည်း ဖြစ်ပါတယ်။ သမိုင်းဝင်မယ့် ဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်ရလို့ အရမ်းကို ကျေးဇူးတင်ပါတယ်၊ ဆီးဂိမ်း အောင်မြင်ရေးအတွက် အလွှာအသီးသီးက အားလုံးပါဝင် ပူးပေါင်းစေချင်တယ်၊

ကျွန်တော်တို့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားစေချင်တယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် (၄၄)နှစ်အကြာမှ ပြန်လည် ကျင်းပခွင့်ရသော ဆီးဂိမ်းစ်ပြိုင်ပွဲ အကြို လှုံ့ဆော်မှု အနေဖြင့် မေလ(၁ဝ)ရက်နှင့် (၁၁)ရက်နေ့များတွင် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်းတွင် ဆီးဂိမ်းစ်နှင့် ပတ်သက်သော သီချင်းများသာ ပါဝင်သည့် သီးသန့် ရှိုးပွဲတစ်ခုကို အခမဲ့ ဖျော်ဖြေသွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင်လည်း မြန်မာ့ ဇာတ်သဘင်လောကမှ အနုပညာရှင် (၂ဝဝဝ)ကျော် ပါဝင်သော ပွဲတစ်ခုကိုလည်း ဇွန်လ(၂၃)ရက်နေ့တွင် အခမဲ့ ဖျော်ဖြေသွား မည် ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် ပြီးခဲ့သည့် ဧပြီလ ၄ ရက်နေ့က ပြုလုပ်ရန် စီစဉ်ထားသည့် (Iron Cross) နှင့် ဆီးဂိမ်းစ် အကြို လှုံ့ဆော်ရေး ဖျော်ဖြေပွဲ ပျက်ခဲ့ရသည့်အတွက် ပြန်လည် ကျင်းပနိုင်ရန် စီစဉ်နေဆဲ ဖြစ်ကြောင်း သိရသည်။

From:မြန်မာ့ခေတ်