This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label အနုပညာများ. Show all posts
Showing posts with label အနုပညာများ. Show all posts

Monday, 28 October 2013

တေးသံရှင် ဆိုတေး သတိပြန်ရ




မန္တလေးဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိသော တေးသံရှင် ဆိုတေးသည် ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီ ၃၀မိနစ်တွင် သတိကောင်းစွာ ရနေပြီဖြစ်ကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူ ဦးရဲအောင်မြင့်က ပြောကြားသည်။

တေးသံရှင် ဆိုတေးမှာ သတိပြန်လည် ရရှိနေပြီ ဖြစ်သည့်အတွက် မျက်လုံး ဖွင့်ပိတ် လုပ်ခြင်းများ ရှိသော်လည်း စကား မပြောနိုင်သေးကြောင်း၊ လတ်တလောတွင် မန္တလေး ပြည်သူ့ ဆေးရုံကြီး၌ ဆေးကုသမှု ဆက်လက် ခံယူနေမည်ဖြစ်ပြီး နိုင်ငံခြားသို့ သွားရောက် ဆေးကုသရန် မဆုံးဖြတ်ရသေးကြောင်း ဆိုတေး၏ ဦးလေးဖြစ်သူက ဆိုသည်။

ဆိုတေး၏ မိသားစုများသည် နိုင်ငံခြားသို့ သွားရောက် ကုသရန် ဆေးရုံသို့ တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း၊ မိသားစုမှ သွားရောက် ကုသရန် ပြောဆိုလာပါက ဆေးရုံမှလည်း ခွင့်ပြုမည့် သဘောထားရှိကြောင်း မန္တလေး ဆေးရုံကြီး ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ပြောကြားသည်။

အဆိုတော် ဆိုတေး၊ ဇနီး၊ ခယ်မနှင့် ယာဉ်မောင်းတို့ စီးနင်းလာစဉ် ရန်ကုန်မှ မန္တလေး တောင်သာ ဘက်သို့ အသွား မိုင်တိုင် အမှတ် ၂၉၁/၃ မိတ္ထီလာ အမြန်လမ်းမပေါ်တွင် ဘီးပေါက်ကာ ယာဉ်တိမ်း မှောက်မှု ဖြစ်ခဲ့ခြင်းကြောင့် ဇနီးဖြစ်သူ မချောချော (မဝင့်ကုဋေသူ) ကွယ်လွန်ခဲ့သည်။

တေးသံရှင် ဆိုတေး၏ ယာဉ်တိုက်မှု သတင်း ထွက်ပေါ်လာပြီးနောက်တွင် ဆိုတေး၏ ဇနီး ဖြစ်သည် ဟုဆိုကာ မချိုချိုနှင့် ဆိုတေးတို့ တွဲရိုက်ထားသော ဓာတ်ပုံများ အွန်လိုင်း မီဒီယာများတွင် ပျံ့နှံ့လာသောကြောင့် ဆိုတေး၏ ဖခင် ဦးတင်မြင့်မှ နေ၍ ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် တေးသံရှင် ဆိုတေးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ဖြစ်ပွား ခဲ့သော ယာဉ်တိုက်မှု ဖြစ်စဉ်တွင် ကွယ်လွန်သွားခဲ့သော မချောချော (မဝင့်ကုဋေသူ) ၏ တရားဝင်ခင်ပွန်းဖြစ်ကြောင်းနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် နှစ်ဖက် မိဘများနှင့် သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်း၏ ရှေ့မှောက်တွင် နှစ်ဦး သဘောတူ လတ်မှတ်ရေးထိုးပြီး လင်မယားအရာ မြောက်ခဲ့ကာ လက်ရှိတွင် အမှတ် ၈၊ ပထမအလွှာ၊ သပြေညိုလမ်း စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက် ရှိသည် ဟု ဇူလိုင် ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်။

ယင်းသို့ ဖော်ပြပြီး တစ်ရက်အကြာတွင် ဇူလိုင်လ၂၀ ရက်နေ့တွင် မြန်မာ ဂျာနယ်လစ် ကွန်ရက် ရုံးခန်း၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဆိုတေး၏ ဇနီးဖြစ်သူဟုဆိုသော မချိုချိုက သတိလစ် မေ့မြောနေသော တေးသံရှင် ဆိုတေး သတိ ပြန်လည်၍ စကား ပြန်ပြောနိုင်လာသော အခါတွင် မိမိကို ၎င်း၏ ဇနီး မဟုတ်ဟု ငြင်းဆန်ပါက တေးသံရှင် ဆိုတေးကို ကာမ လိမ်လည် ရယူမှု နှင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၏ ဥပဒေအရ တရားစွဲဆို မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တွင် နေထိုင်သူ မချိုချို (စီဆူးဒါး ထိုင်းမိုင်) က ပြောကြားသည်။

တေးသံရှင် ဆိုတေးနှင့်၎င်းမှာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် လင်မယားအရာ မြောက်ခဲ့ပြီး တေးသံရှင် ဆိုတေး၏ သီချင်းများကို ကြိုက်နှစ်သက်၍ တစ်ကိုယ်တည်း နားဆင်နိုင်ရန်အတွက် ၂၀၁၃ ခုနှစ် ဇွန်လတွင် ဆိုတေးကို အခကြေးငွေဖြင့် ငှားရမ်းခဲ့ပြီးသည့် နောက်တွင် တေးသံရှင် ဆိုတေးမှ မိမိနှင့် သမီးရည်းစား ဖြစ်ချင်သည်ဟု ဆိုသောကြောင့် မြန်မာ အမျိုးသား တစ်ယောက်ကို ရည်းစားတော်ဖူးသော ခံစားချက်ကို သိချင်၍ ရည်းစား ဖြစ်ခဲ့ရာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၄ရက်နေ့ တွင် လင်မယားအရာ မြောက်ခဲ့ပြီး ထိုင်းနိုင်ငံတွင် အတူ နေထိုင်ခဲ့ ကြကြောင်း၊ တရားဝင် ဇနီးဟု လက်မှတ် မရေးထိုးထားသော်လည်း အသိ သက်သေများ၊ ဓာတ်ပုံများ၊ ဗီဒီယိုဖိုင်များရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
FROM-THE VOICE

Wednesday, 23 October 2013

သရုပ်ဆောင် မိုးယုစံ သီလရှင်ဝတ်









Sunday, 20 October 2013

သားနဲ့သမီးကို ဗုဒ္ဓဘာ သာပဲဖြစ်စေချင်တယ် ဆိုတဲ့ အကယ်ဒမီ မေဝင်းမောင်





အကယ်ဒမီမေဝင်းမောင်က ခင်ပွန်းဖြစ်သူ ကိုသက်ဝင်းနဲ့ ၁၉၉၃ ခုနှစ်မှာ အိမ်ထောင်ပြုဖြစ်ခဲ့ပြီး အခု ဆိုရင်တော့ သားတစ်ယောက်၊ သမီး တစ်ယောက်နဲ့ သာယာပျော် ရွှင်တဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်နိုင် ခဲ့ပါတယ်။ အမေရိကမှာ နေထိုင် နေချိန်အတွင်း အခုအချိန်ထိ ကလေး ထိန်းမခေါ်ဘဲ သားနဲ့သမီးကို အနီး ကပ်ကိုယ်တိုင်ပြု စုစောင့် ရှောက်နေ ကြောင်း သိရပါတယ်။

“သမီးလေး မေသန္ဒီက ၈နှစ် ပြည့်ခါနီးပါပြီ။ သားလေး သိင်္ဂါ မောင်ကတော့ အခု ၅နှစ်ပဲပြည်သေး တယ်။ သမီးလေးက ဒီတစ်ခါကျောင်း ဖွင့်ရင် ၃တန်း၊သားလေးက သူငယ် တန်းတက်ရပါမယ်။ကျွန်မတို့ အခု အချိန်ထိ ကလေးထိန်းမထားပါဘူး။ ကလေးထိန်းတွေခေါ်လို့ရတယ်။ စိတ် ထဲမှာ စိတ်မချဖြစ်ပြီး ကိုယ်တိုင်ပဲ ထိန်းချင်တယ်။ ကျွန်မကိုယ်တိုင်ပဲ ကလေးတွေကို အချိန်ပြည့် ကြည့်ပါ တယ်။ ရုပ်ရှင်ရုံမှာ ရုပ်ရှင်သွားမကြည့် ဖြစ်တာတောင်ကြာပြီ။ သွားကြည့်ရင် လည်း ကလေးတွေကြည့်တဲ့ ရုပ်ရှင်
ဇာတ်ကားပဲ သူတို့နဲ့ ကြည့်ဖြစ်တယ်။ ကိုယ့် ဘာသာကိုယ် သတ်သတ်ရုပ်ရှင် မကြည့်ဖြစ်တာကြာပြီ။ 



သူတို့ဝါသ နာတဲ့အပိုင်းကို ပံ့ပိုးပေးသွားမယ်လို့ ရည်ရွယ်ပါတယ်။ သမီးလေးကို စန္ဒ ရားတီးလည်း သင်ပေးနေပါတယ်။ ဒီကိုလာတဲ့အခါမှာလည်း မအေးအေး မြင့်နဲ့ အကတွေ သင်ပေးပါတယ်။ ဒီတစ်ခေါက်တော့ အကအပြင် ပတ္တ လား ကိုလည်း နုတ်စ်နဲ့ မအေးအေး မြင့်ရဲ့အစ်မက သင်ပေးနေပါတယ်။ သူဝါသနာပါရင် ဆက်လုပ်ပေါ့။ ဝါ သနာမပါရင်တော့ လ ည်း တစ်မျိုး ပေါ့။ ကိုယ်ကတော့ အခြေခံေ လးရ အောင်သင်ပေးနေပါတယ်” လို့ ပြော ပါတယ်။ သမီးနဲ့သား မြန်မာစကား ကို နားလည် အောင်အိမ်မှာ မြန်မာလိုပဲ ပြောဖြစ်သလို၊ ဘုရားစာတွေလည်း သင် ပေးတယ် လို့ ပြောပါတယ်။

“အိမ်မှာတော့ မြန်မာလိုပဲ ပြော တယ်။ သူတို့နားလည်ပါတယ်။ သမီး လေးကနည်းနည်းပိုပြောနိုင် ပါတယ်။ သားလေးကျတော့ မြန်မာလို သိပ် မပြောနိုင်ဘူး။ နားေ တာ့လည်ပါ တယ်။ ဘုရားစာတွေကိုလည်း သင် ပေးပါတယ်”"သူတို့ကို ဗုဒ္ဓဘာသာတစ်ယောက်ပဲ ဖြစ် လာစေချင်ပါတယ်။အမေက ပုတီးစိပ်တော့ သမီးလေးကကလည်း တစ်ခါတလေ ပုတီးလိုက်စိပ်တယ်။ သိပ်တော့နားမလည် သေးဘူး။ ဘုရားဂုဏ်တော်၊အရဟံ၊ ဘဂဝါ စသဖြင့်သူ့အတွက် မှတ်ရလွယ် တာလေးတွေပါပဲ။ ဘုရားရှိခိုးမှာ လည်းသရဏဂုံသုံးပါးလုံးဆိုတတ် ပါတယ်။သားလေးကတော့ မရ သေးဘူး။သင်ပေးရဦးမယ်” လို့အကယ်ဒမီမေဝင်းမောင် က ပြောပါတယ်။

ခိုင်ဝေလွင်

ဒါရိုက်တာမီးပွား ရိုက်ကူးသည့် ကာလာစုံLesson ရုပ်ရှင်ဇာတ်ကား ရိုက်ကူးခြင်းကို ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ်


9.2.23ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခု
ကာလာစုံ Lesson ရုပ်ရှင်ဇာတ်ကားအား တရားဝင် ခွင့်ပြုချက်ဖြင့် ရိုက်ကူးခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်တားမြစ် ထားသည်ဟု သတင်း ရရှိသည်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားကို Heart & Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ ရိုက်ကူးထုတ်လုပ်နေခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ရိုက်ကူးခွင့်ပိတ်ပင်ထား ခြင်းနှင့်ပတ်သက်၍ Heart& Soul ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးမှ မခင်စန္ဒာမြင့်က ''ဒီဇာတ်ကားက ဗီဒီယိုကနေ ရုပ်ရှင်ကားကြီးပြောင်းတာ မဟုတ်ပါဘူး။ ဗီဒီယို အနေနဲ့ ရိုက်ကူးခွင့်တင်ပြီး လွန်ခဲ့တဲ့တစ်နှစ်ကျော်က ရိုက်နေတယ်။ ရိုက်တဲ့ ကင်မရာကလည်း ရုပ်ရှင်ကားကြီး ရိုက်တဲ့သူတွေ သုံးနေကျ ကင်မရာ အကောင်းစားနဲ့ပဲ။ သရုပ်ဆောင်တွေရဲ့ ရိုက်ကူးရက် အခက်အခဲကြောင့် ရိုက်လို့မပြီးခင်မှာဘဲ ခဏနားထားရတယ်။ အဲဒီအချိန်မှာ ရိုက်ပြီးသမျှ ဆက်ကြည့်လိုက်တဲ့ အခါမှာ ဇာတ်ကားရဲ့ အရည်အသွေးပိုင်းကလည်း အရမ်းကောင်းမွန်နေသလို ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေရဲ့ အနုပညာ အရည်အသွေး ပိုင်းကလည်း အရမ်းကောင်းမွန်တာကို တွေ့ရတယ်။ ဒါနဲ့ပဲ ရုပ်ရှင်ကားကြီး အနေနဲ့ ရိုက်ကူးရင် ကောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရုပ်ရှင်လုပ်ငန်းကို ရုပ်ရှင်ရိုက်ကူးခွင့်တင်တယ်။ အဲဒါကမှ ပြန်ကျပြီးတဲ့အခါ ရုပ်ရှင်အစည်းအရုံးကို ရုပ်ရှင်ရိုက်ကူးခွင့် တင်တဲ့အခါမှာလည်း ရိုက်ကူးခွင့် ပြန်ကျပါတယ်။ အဲဒါနဲ့ ရုပ်ရှင်ကားကြီးအဖြစ် ရိုက်တယ်။ ရိုက်ကူးရာမှာ အသစ်ထပ်ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေ ရှိသလို ပြန်ပြင်ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ရှိတယ်။ ရိုက်နေတုန်းမှာပဲ ရုပ်ရှင်အစည်းအရုံးက ရိုက်ကူးခွင့် မပေးဘူးဆိုပြီးတားမြစ်တဲ့စာ ရောက်လာတော့ အစည်းအရုံးကို ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဥက္ကဋ္ဌ ဦးလူမင်းနဲ့ အတွင်းရေးမှူး ဦးဝင်းကြည်တို့နဲ့ တွေ့ဆုံရတယ်။ ဥက္ကဋ္ဌဦးလူမင်းက လုပ်ပိုင်ခွင့်ရှိလို့ လုပ်လိုက်တာလို့ ပြောတယ်။ ရုပ်ရှင်အစည်းအရုံး အနေနဲ့ အခုလိုလုပ်ပိုင် ခွင့်ရှိလား၊ မရှိလား ဆိုတာတော့ သေချာ မသိဘူး။ ရှင်းပြတဲ့အခါမှာ ဇာတ်ကားမှာ ပါဝင်တဲ့သူတွေ အားလုံးက ကန့်ကွက်ဖို့ မရှိပါဘူးဆိုတဲ့ လက်မှတ်နဲ့ စာပြန်တင်ပါလို့တော့ ပြောလိုက်ပါတယ်။ စာလည်းပြန်တင် ထားပြီးပါပြီ'' ဟု ရှင်းပြခဲ့သည်။

ယင်းကဲ့သို့ ဇာတ်ကားရိုက်ကူးခွင့် ပိတ်ပင်ထားခြင်းကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ သွားရောက် မေးမြန်းခဲ့ရာ၌ အတွင်းရေးမှူး ဦးဝင်းကြည်က ''ကျွန်တော်တို့ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ အစည်းအဝေး တစ်ခု ခေါ်ယူဆွေးနွေး သွားပါမယ်။ ဒီအစည်းအဝေးမှာ ဇာတ်ကားထုတ်လုပ်သူ ရော၊ ပါဝင်တဲ့ အနုပညာရှင်တွေရော ဇာတ်ကားကို ဘယ်လိုအရည်အသွေးမျိုးနဲ့ ရိုက်ကူးဖန်တီးထားလဲ၊ ဗီဒီယိုရိုက်နေရင်းနဲ့ ရုပ်ရှင်ကားကြီးအဖြစ် ပြောင်းလဲရိုက်ကူးရာမှာ ဘယ်လိုပုံစံတွေ ဆောင်ရွက်ထားလဲ ဆိုတာကို ရှင်းပြစေမှာပါ'' ဟု ဆိုသည်။
ရုပ်ရှင်အစည်းအရုံးမှ ရိုက်ကူးခွင့် ပိတ်ပင်သည့် အကြောင်းကြားစာ ရောက်ရှိလာခြင်းကြောင့် အဆိုပါ ဇာတ်ကား၏ ရိုက်ကူးမှုများအား ရပ်နားထားရကြောင်း သိရသည်။
''ကျွန်တော်တို့ ဇာတ်ကားရိုက်ကူးရာမှာ ဗီဒီယိုရယ်၊ ရုပ်ရှင်ရယ် ခွဲခြားမှုမရှိဘဲ ရိုက်ကူးတာပါ။ ကျွန်တော်တို့ တတ်နိုင်တဲ့ထဲက အကောင်းဆုံး ကင်မရာနဲ့ ရိုက်ကူးပါတယ်။ ဗီဒီယိုရိုက်နေရင်းမှာပဲ ဒီဇာတ်ကားအပေါ် အားရတဲ့အတွက် ရုပ်ရှင်ရိုက်ကူးခွင့် အသစ်ပြန်တင်ပါတယ်။ ရိုက်ကူးခွင့်လည်း ကျပြီးသွားပါပြီ။ ရိုက်နေရင်းနဲ့မှ ရုပ်ရှင်အစည်းအရုံးက ရိုက်ကူးခွင့် ပိတ်တဲ့စာ ရောက်လာပါတယ်။ ကျွန်တော်ကမှန်တယ်၊ မှားတယ်တော့ ဝေဖန်မပိုင်းခြား နိုင်ပါဘူး။ နားမလည်တာဘဲ ရှိပါတယ်။ ပြဿနာတစ်ခု၊ အဆင်မပြေတာ တစ်ခုရှိရင် ခေါ်ယူဆွေးနွေး ညှိနှိုင်းရပါမယ်။ မနှစ်ကဆိုရင် ၁၂ ကြိုးကဝေ ဇာတ်ကားပြသမှုအပေါ် ကန့်ကွက်မှုရှိတဲ့ အတွက် ဥက္ကဋ္ဌဦးဇင်ဝိုင်းက တွေ့ဆုံမေးမြန်းပါတယ်။ အစည်းအဝေး ခေါ်ယူပြီးဆုံးဖြတ်တာ ပြေလည်သွားခဲ့ပါတယ်။ အခုကတော့ ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ အနုပညာရှင်တွေ ဘယ်သူမှ မသိလိုက်ရဘဲ တစ်ဖက်သတ် စီရင်ချက်ချလိုက်တယ်။ အမှုဖြစ်ရင်တောင် ဟိုဘက်ဒီဘက် ကြားနာပြီးမှ ဆုံးဖြတ်ချက်ချရတာ။ အခုတော့ မျက်ကွယ်မှာ ဆုံးဖြတ်ချက်ချလိုက်တာ ဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်ရှိလား၊ မရှိဘူးလား ဆိုတာကို နားမလည်ပါဘူး။ နောက်တစ်ခုက ဘယ်ကင်မရာနဲ့ရိုက်မှ ရုပ်ရှင်အဆင့်အတန်း မီမယ်ဆိုတော့ ပန်းချီဆရာ တစ်ယောက် ပန်းချီဆွဲရင် ဘာနဲ့ပဲဆွဲဆွဲ အနုပညာ လက်ရာကို ပရိသတ်က ကောင်းမကောင်း ဆုံးဖြတ်ပါမယ်။ ဘယ်ကင်မရာနဲ့ ရိုက်မှအဆင့်မီမယ်ဆိုတာ သတ်မှတ်တာမျိုးက ဆီဆေးနဲ့ဆွဲမှ ပန်းချီလို့သတ်မှတ် မယ်ဆိုတာ ဖြစ်နေမလားလို့တွေးမိတာပါ။ ရုပ်ရှင်အစည်းအရုံးကို ယုံကြည်ပါတယ်။ လွတ်လပ်စွာ အနုပညာ ဖန်တီးခွင့်၊ လွတ်လပ်စွာ ဈေးကွက်ရှာဖွေ ပြိုင်ဆိုင်ခွင့်တွေ ရချင်ပါတယ်။ ရုပ်ရှင်အစည်းအရုံး အနေနဲ့ အနုပညာဖန်တီး ရိုက်ကူးတာကို ပိတ်တာ ဆို့တာတွေ မလုပ်စေချင်ပါဘူး။ အဲဒီလိုဆိုရင် ကျွန်တော်အပါအ၀င် ကြိုးစားနေတဲ့ လူငယ်တွေရဲ့ ယုံကြည်မှု လျော့ပါးသွားစေ ပါလိမ့်မယ်'' ဟု ဇာတ်ကားတွင်ပါဝင် သရုပ်ဆောင်ထားသည့် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ရှင်းပြခဲ့ပါသည်။
ယင်းဇာတ်ကားသည် မိုးနီလွင်၏ ဇာတ်လမ်း ဇာတ်ညွှန်းကို ဒါရိုက်တာမီးပွား ရိုက်ကူး၍ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ ဖွေးဖွေး၊ ဆန်းသစ်လ၊ ခင်သဇင်နှင့် မာရီနာတို့က အဓိကပါဝင် သရုပ်ဆောင်ထားသည်။

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေးမည်

AddThis Social Bookmark Button

video-july8ဗီဒီယိုဇာတ်ကား တစ်ကား ရိုက်ကူးနေသည်ကို တွေ့မြင်ရစဉ်
ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ရန် ဇူလိုင်လတွင် စတင်ဆွေးနွေး သွားမည်ဖြစ်ကြောင်း ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့သည့် ရုပ်ရှင်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ထည့်သွင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ အဆင့်သတ်မှတ်မှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတကာတွင် ထားရှိသည့် အဆင့်သတ်မှတ်မှုများကို စတင်လေ့လာလျက်ရှိပြီး အာဆီယံ နိုင်ငံများတွင် သတ်မှတ်မှုနှင့် နှိုင်းယှဉ်သတ်မှတ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။
"ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေကို အသက်အရွယ်အလိုက် အဆင့်သတ်မှတ်ချက်တွေနဲ့ ခွင့်ပြုနိုင်ဖို့အတွက် ဇူလိုင်လအတွင်းမှာ စတင်ဆွေးနွေး သွားမှာပါ။ အဓိကတော့ အမျိုးသား ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ တိုင်းရင်းသားအရေးတွေ မထိခိုက်စေဖို့ကို ကြည့်ရှုမှာဖြစ်ပြီး လွတ်လပ်တဲ့ အနုပညာ ဖန်တီးမှုတွေ မြှင့်တင်နိုင်ဖို့အတွက် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်နိုင်ဖို့ကို စီစဉ်တာပါ။ ဒီလိုသတ်မှတ်ရာမှာ အာဆီယံနိုင်ငံတွေမှာ ထားရှိတဲ့ သတ်မှတ်ချက်တွေကို လေ့လာနေပါတယ်။ အဲဒီ သတ်မှတ်ချက်တွေနဲ့ နှိုင်းယှဉ်ပြီးတော့ အကောင်းဆုံး ပြင်ဆင်သွားမှာပါ" ဟု မြန်မာ့ရုပ်ရှင်လုပ်ငန်း ညွှန်ကြားရေးမှူး ဦးသိန်းထွန်းအောင်က ရှင်းပြခဲ့သည်။

ရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများကို အဆင့်သတ်မှတ်ချက်ဖြင့် ပြောင်းလဲခွင့်ပြုရန် ဇူလိုင်လတွင် စတင်ဆွေးနွေးမည်ဖြစ်ပြီး ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင်များကိုလည်း ခေါ်ယူအသိပေး ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။ ယင်းကဲ့သို့ ညှိနှိုင်းသတ်မှတ်မှုများ ဆောင်ရွက်ပြီးပါက ဇာတ်ကားများကို အဆင့်သတ်မှတ်ချက်ဖြင့်ပင် ခွင့်ပြုပေးသွားမည်ဟု သိရသည်။ ယင်းကဲ့သို့ အဆင့်သတ်မှတ်မှုများ ပြုလုပ်ရာတွင် G(General)  မည်သူမဆို ကြည့်ရှုနိုင်သည့် ဇာတ်ကား၊ PG 13 ၁၃ နှစ်အောက် အုပ်ထိန်းသူနှင့်အတူ ကြည့်ရှုခွင့်ပြုခြင်း၊ R-13  အသက် ၁၃ နှစ်နှင့် အထက်ရှိသူများ ကြည့်ရှုနိုင်ခြင်း၊ R-18 အသက် ၁၈ နှစ်အောက်ကြည့်ရှု၊ X အများပြည်သူသို့ ကြည့်ရှုခြင်း ခွင့်မပြုသည့် ဇာတ်ကားဟူ၍ အဆင့်သတ်မှတ်ချက်များ ခွဲခြားခွင့်ပြုသွားရန် စီစဉ်ထားသည်ဟု သိရသည်။
မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် မူလသတ်မှတ်ထားသည့် ဆင်ဆာသတ်မှတ်ချက် ၁၀ ချက်မှ ခြောက်ချက်သို့ လျှော့ချခဲ့ပြီးနောက် ယခုနှစ်ပိုင်းတွင် အသက်အရွယ်အလိုက် အဆင့်သတ်မှတ်မှု ပြုလုပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။

ဆိုတေး၏ ဇနီးမယားဖြစ်သူဟု ဆိုသူက ၎င်းတို့ပတ်သက်မှုအား မီဒီယာများအား ရှင်းလင်း


chocho-july22

AddThis Social Bookmark Button
မချိုချို (ခ) ခရင်မ်မှ ရှင်းလင်းစဉ်
တေးသံရှင်ဆိုတေး၏ ဇနီးမယား ဖြစ်သူဟု ဆိုသူက ၎င်းတို့ပတ်သက်မှုနှင့် ဆက်စပ်သော ရှင်းလင်းပွဲကို ဇူလိုင် ၂၀ ရက် နံနက် ၁၁ နာရီတွင် မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ဆိုတေး၏ ဇနီးဖြစ်သူဟုပြောသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ မချိုချို (ခ) ထိုင်းအမည် ခရင်မ်ခေါ် စီဆူးဒါးထိုင်းမိုင်ဆိုသူမှ မိမိသည် ဆိုတေး၏ ဇနီးမယားဖြစ်ကြောင်း၊ အကယ်၍ ဆိုတေးသတိရလာကာ စကားပြောနိုင်သည့် အခြေအနေရောက်ပြီး ၎င်းအားဇနီးမယား သတ်မှတ်ခြင်း မပြုပါက တေးသံရှင် ဆိုတေးအား ထိုင်းနိုင်ငံ ဥပေဒအရသာမက မြန်မာနိုင်ငံ၏ ဥပဒေအရပါ လိမ်ညာပေါင်းသင်းမှုဖြင့် တရားစွဲဆို သွားမည်ဖြစ်ကြောင်း အဆိုပါ ရှင်းလင်းပွဲတွင် ဆိုသည်။

"အွန်လိုင်းမှာ ပျံ့နေတဲ့ပုံကလည်း  ကွန်ပျူတာနဲ့ ပြင်တာလည်း မဟုတ်ဘူး။ ပရိသတ်တစ်ယောက် အနေနဲ့ အတူတွဲရိုက်ထားတဲ့ပုံလည်း မဟုတ်ဘူး။ အခုလို ပွဲပြုလုပ်တာက နာမည်ကြီးချင်လို့လည်း မဟုတ်ဘူး။ အခြားသော မိန်းကလေးတွေ အခုလိုမျိုး မဖြစ်အောင်ပါ။ ဆိုတေးကိုလည်း ဘန်ကောက်မှာ ဆေးကုပေးဖို့ သူတို့ဘက်က လက်ခံရင် တာဝန်ယူပါတယ်။ ကျွန်မက ဘန်ကောက်မှာ အထည်ချုပ်စက်ရုံ ပိုင်ပါတယ်။ ကျွန်မရဲ့ အမွေတွေကိုလည်း သူ့ကိုလွှဲပေးဖို့အထိပါ စီစဉ်ထားတာပါ" ဟု ၎င်းက မီဒီယာတွေ့ဆုံကာ ရှင်းလင်းခဲ့သည်။
မချိုချို အနေဖြင့် ဆိုတေးအား မြ၀တီတွင် သီချင်းသီဆိုပေးရန် ပွဲငှားရင်းမှ တွေ့ဆုံခြင်းဖြစ်ကာ ယခုနှစ် ဇွန်လ ၂၈ ရက်မှ စတင်တွေ့ဆုံကာ နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦး ဆက်ဆံရေးမှာ ပိုမိုရင်းနှီးလာခဲ့ကြောင်း ၎င်းကဆိုသည်။
ယင်းကဲ့သို့ ရှင်းလင်းပွဲ ပြုလုပ်သည့်အပေါ် တေးသံရှင် ဆိုတေး၏ "အစ်ကိုရင်းဖြစ်သူ ကိုဇာနည်က" အခု ဆိုတေးက သတိမရသေးတဲ့အတွက် ဘာမှလည်း မပြောချင်ပါဘူး။ သူသတိပြန်ရလာရင် အကုန်ရှင်းသွား ပါလိမ့်မယ်" ဟုဆိုသည်။
မြန်မာ့အလင်း သတင်းစာတွင် အဆိုတော်ဆိုတေး၏ မိဘများဘက်မှ ကြေညာချက်တစ်ခုကို ဇူလိုင် ၁၉ ရက်တွင် ကြေညာပြီး ဖော်ပြထားသည်မှာ မချောချော (ခ) မ၀င့်ကုဋေသူသည် အဆိုတော်ဆိုတေး၏ တရားဝင် ဇနီးဖြစ်ကြောင်း၊ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် နှစ်ဖက်မိဘများနှင့် သထုံခရိုင် တရားသူကြီး ဒေါ်အေးအေးသိန်းတို့၏ရှေ့မှောက် သထုံမြို့နေအိမ်၌ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးပြီး ယခုလက်ရှိတွင် အမှတ် ၈၊ ပထမလွှာ၊ သပြေညိုလမ်း၊ ရှင်စောပုရပ်ကွက်၊ စမ်းချောင်းမြို့နယ်တွင် နေထိုင်လျက်ရှိကြောင်း၊ ချွေးမဖြစ်သူ မချောချော (ခ) ၀င့်ကုဋေသူသည် လူမှုရေးဂုဏ်သိက္ခာ ထိခိုက်ကျဆင်းခဲ့ရကြောင်း ရှင်းလင်းဖော်ပြခဲ့သည်။

Comments