မင်္ဂလာပါဗျာ ဒီနေ့တော့ သီချင်းဖွင့်လိုက်ရင်
ကိုယ်ရုပ်ပုံလေးပေါ်စေချင်သောသူတွေအတွက် MP3 Tag 225a ကို
ပြန်တင်ပေးလိုက်ပါတယ်ဗျာ
ကျွန်တော်တို့ သာမန် MP3 သီချင်းတစ်ပိုဒ်ကို ဖွင့်လိုက်မယ်ဆိုရင်
သူဆော့ဝဲလ်မှာ ပါသော ပုံတွေပဲ မြင်ရပါတယ်
ဒါကို ကိုယ်က မကြိုက်ဘူး ဓါတ်ပုံလေးတွေ
ထည့်ချင်ရင်တော့ အောက်က ဆော့ဝဲလ်ကို ဒေါင်းပြီး ထည့်လို့ရပါတယ်
File Size လည်း နည်းပါတယ် (2.MB) ပဲ ရှိပါတယ်
အသုံးပြုပုံ အနည်းငယ်ကို ပုံနှင့် တကွ ရှင်းပြထားပါတယ်
ပုံ(၁) တွင် ပြထားသည့်အတိုင်း
မိမိထည့်ချင်သည့် သီချင်းကို Right Click နှိပ်ပြီးတော့
Mp3tag ကို တစ်ချက်နှိပ်လိုက်ပါ
ပုံ(၂) တွင် ပြထားသည့် အတိုင်း
သီချင်းကို mouse ဖြင့် တစ်ချက်ထောက်
ပြီးရင် ဘယ်ဘက်ခြမ်းက လွှတ်နေတဲ့ နေရာကို
Right Click ထောက်ပြီး Add cover.....ကို နှိပ်ပြီး
အောက်က ပုံအတိုင်း မိမိစိတ်ကြိုက် ဓါတ်ပုံတစ်ပုံ
ထည့်လိုက်ပါဗျာ
ပုံ(၃) တွင် ပြထားသည့် အတိုင်း မိမိစိတ်ကြိုက်
ဓါတ်ပုံ တစ်ပုံ ထည့်ပြီး Open ကိုနှိပ်လိုက်ပါ
ပုံ(၄) တွင် ပြထားသည့် အတိုင်း
File ကို mouse ဖြင့် ထောက်ပြီး
Save tag ကိုနှိပ်လိုက်ရင်
Ok ဘောက်(စ်) လေး တတ်လာမယ် Ok ပေးလိုက်ရင်ရပြီးပေါ့
Ads not by this site
ပြီးသွားရင်အောက်ကတိုင်းပြန်ကြည့်လို့ ရပြီိးပေါ့
ဆင်ပြေပါစေဗျာ ။