This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, 3 November 2013

Internet Speed Tester Apk


Android ဖုန်းတွေအတွက် အင်တာနက်လိုင်းမြှင့်တင်ပေးတဲ့
Apk လေးဖြစ်တဲ့ Internet Speed Tester Apk လေးဖြစ်ပါတယ်။
မိမိတို့ရဲ့ အင်တာနက်လိုင်းနှေးကွေးမူကြောင့် စိတ်ညစ်နေရတဲ့
သူငယ်ချင်းများရှိရင် အမြန်ဆုံးသာဆောင်ထားတော့ဗျာ။
သိသိသာသာ လိုင်းအားကောင်းလာမှာဖြစ်ပါတယ်။
အဆင်မပြေရင်ပြောခဲ့ပါနော်။
                                                   
                                                     Download
 

စက်ရုပ်ဖုန်းများအတွက် လုံးဝ မိုက်တဲ့ Window 7 Launcher လေး


                                                                                 
                                                                                                                                                                                                                                                                        
စက်ရုပ်ဖုန်းများအတွက် လုံးဝ မိုက်တဲ့ Window 7 Launcher လေး
ဖြစ်ပါတယ်။ ကွန်ပြူတာကိုင်ပြီးသုံးနေရသလို့ ခံစားစေရမဲ့ Apk လေးဖြစ်ပါတယ်။
ကိုယ့်ဖုန်းလေးကို ကိုယ်တောင်မမှတ်မိစေရဘူး..:D
ကျနော်အရမ်းကြိုက်တဲ့ Window 7 Launcher လေးပါ။
ဖုန်းလဲ မလေးဘူးနော်။တစ်ခြား  Launcher တွေက ဖုန်းကိုလေးစေတာ
ကျနော်လဲတွေ့ဘူးပါတယ်။ဒါပေ့မဲ့ အခုWindow 7 Launcher လေးက
ကျနော်ကိုယ်တိုင်သုံးရတာစိတ်ကျေနပ်မူရှိလို့ ပြန်တင်ပေးထားတာပါ။
Playstore မှာတော့ လုံးဝပဲ အလကားမရဘူးနော်။
ကျနော်ကိုယ်တိုင် သေခြားရှာကြည့်တာပါ။ ပိုက်ပိုက် နဲ့ရောင်းထားတာ
တွေက ပွနေတာပဲ .....ဟီးးး
ကျနော်လဲဘယ်ကရလာမှန်းလဲသိတော့ဘူးနော်။မေးနေအုန်းမှာဆိုးလို့
ကြိုပိတ်ထားတာ.....ဟဲဟဲ
ဖိုင်ဆိုဒ်လဲ 2.MB ကျော်ကျော် လောက်ပဲဗျာ။
အဆင်မပြေရင်ပြောခဲ့ပါအုံးနော်။

                                                    Download

Android ဖုန်းတွေမှာ ဓါတ်ပုံလှလှပြင်ခြင်သူများအတွက်ပါ



                                 အရမ်းရမ်းကိုအသုံးဝင်မဲ့ Phot
Android ဖုန်းတွေမှာ ဓါတ်ပုံလှလှပြင်ခြင်သူများအတွက်ပါ
o Studio PRO လေးပါ easy to use ( အသုံးပြုရတာလည်းလွယ်) တယ်နော်  developer က google play store ပေါ်ကို September 27, 2013 ရက်နေ့ ကမှ တင်လိုက်တယ်ဗျာ ဈေးနှုန်းက 5$ တောင်ပေးရတယ်ဗျာ။လုံးဝအသစ်စက်စက်လေးပါဗျာ။ဒီကောင်လေးက မိမိတို ဖုန်းနှင့် ဓါတ်ပုံတွေကိုစိတ်ကြိုက်ပြင်ယူလို့ ရနိုင်မဲ့  အသုံးဝင် apk လေးပါခင်ဗျာ။မိမိတို့ ရိုက်ယူလို့ ရတဲ့ photo တွေကို background တွေပြောင်းချင်သလိုပြောင်းလို့ ရသလို effect ပေါင်း200 ကျော်တောင်ပါဝင်ပြီး template ပေါင်း၁၀၀ ကျော်ပါဝင်တယ်။
အသုံးဝင်မယ်ထင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ခင်ဗျာ။ဒီကောင်လေးကမည်သည့် အမျိုးအစားနှင့် မဆိုကိုက်
ညီမှု့ ရှိပြီး android version 2.2 နှင့် အထက်မှာအသုံးပြုလို့ ရပါတယ်ခင်ဗျာ။ဖိုင်ဆိုဒ်ကတော့   10 MB  ပါ။
အသေးစိတ်ကိုတော့ အောက်မှာလေ့ လာပေးပါ။
လိုချင်းရင်တော့ဒီမှာzippyshaeယူသွားနိုင်ပါတယ်ခင်ဗျာ။

3D Myanmar Flag LiveWallpaper ( for Android )











ဒီတစ်ခါ ရွှေမြန်မာတွေအတွက် 3D Myanmar Flag LiveWallpaper
လေးတင်ပေးလိုက်ပါတယ်ခင်ဗျာ.. တကယ်မိုက်တယ်နော်.. setting
တွေလဲအများကြီးပါတယ်.. နောက်ခံ Background တွေလဲလန်းတယ်..
ကဲကလိကြည့်လိုက်ရအောင်အောက်မှာဒေါင်းလိုက်ပါနော်.

DOWNLOAD


Friday, 1 November 2013

မယားကောင်း မယားမြတ်ဆိုတာ (မိန်းကလေးများ အထူးဖတ်ရန်)



 

မယားကောင်း မယားမြတ်ဖြစ်ဖို့ ဒါလေးတွေ ဖတ်ထားပါနော်

၁။ အိပ်ယာနေရာ အစားအသောက်တို့ကို သန့်ရှင်စင်ကြယ်စွာ စားသောက် နေထိုင်လေ့ရှိခြင်း..။
၂။ ယောက်ျားတစ်ပါးသို့ စိတ်နှစ်လုံးမကူးခြင်း..။

၃။ လင် ရှာဖွေရသော ဥစ္စာပစည်းတို့ကို ကောင်းမွန်လုံခြုံစွာ ထိန်းသိမ်းခြင်း..။

၎။ လင်နောက်မှ အိပ်လေ့ရှိခြင်း..။

၅။ လင်၏ အလုပ်အကြံ အစီအမံကို ခံယူ၍ ကူညီရခြင်း..။

၆။ လင့်အာဏာကို မဖီဆန် လင်၏အလိုသို့လိုက်၍ ပြုရခြင်း..။

၇။ လင်အား ချစ်ဖွယ်သောစကားကို ပြောဆိုလေ့ရှိခြင်း..။

၈။ အပူအချမ်းတို့ လျော်စွာ လင်အား ဝတ်ဆင်ပေးရခြင်း..။

(သုတေသနသရုပ်ပြ အဘိဓာန်ကျမ်း)

“လောကနီတိကျမ်း အလိုအရမူ”

၁။ စားသောက်သောအခါတို့၌ လည်းကောင်း အဝတ်တန်ဆာ ပြုပြင် စီရင်သောအခါ၌ လည်းကောင်း အမိကဲ့သို့ နှစ်သက်ဖွယ်ပြုပြင် တတ်ခြင်း..။

၂။ လျှို့ဝှက်အပ်သော မကျစ်မလျစ်သော အရာတို့၌ နှမကဲ့သို့ ရှက်တတ်ခြင်း..။

၃။ အမှုကိစ္စ ဆောင်ရွက်သောအခါ၌ လည်းကောင်း လင်အနီးအပါးသို့ သွားသောအခါ၌ လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ ပြုမူသွားတတ်ခြင်း..။

၎။ ဘေးဒုက္ခ ကြုံတွေ့သောအခါ တိုင်ပင်ဖော်ရခြင်း..။

၅။ အိပ်သောအခါလင်ကို မွေ့ လျှော်စေတတ်ခြင်း..။

၆။ အရောင်အဆင်း ပြုပင်ခြင်း၌ တင့်တယ်စွာ ပြုတတ်ခြင်း..။

၇။ အမျက်ထွက်ရန် ရှိသောအခါ အမျက်ကို သည်းခံထိန်းသိမ်းထား တတ်ခြင်း..။

ဤမယားသည် မယားကောင်း မယားမြတ်ဖြစ်၍ သေသည့်အခါ နတ်ပြည့်သို့သွားရသည်…..။

ဗဟုသုတတိုးပွားနိုင်ကြပါစေ

အမျိုးသမီးတို့ဘ၀ အတုယူကြ



သမိုင်းအစဉ်အလာ ကောင်းခဲ့သည့် မြန်မာ အမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်ထိန်းသိမ်း မြှင့်တင်ရာတွင် စံနမူနာ ယူဖွယ်ဖြစ်သည့် အမျိုးကို ချစ်ခင်စောင့် ရှောက်ခြင်းသည် အမျိုးသမီးတို့၏ သိက္ခာ၊ အမျိုးသမီးတို့၏ အင်အား၊ အမျိုးသမီးတို့၏ တန်ဖိုး နှင့် ဆက်စပ်ယှက်နွှယ်မှု ရှိသည်။ ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည် ဟူသည့် စကားနှင့်အညီ အမျိုးသမီးတို့၏ မိခင်မေတ္တာ စိတ်ကို အံ့သြဖွယ် ဂုဏ်ပြုရင်း အဖြစ်မှန် ဤဆောင်းပါးကို ရေးသားလိုက်ပါသည်။
အချိန်ကား ၂၀၀၉ ခုနှစ် ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့ (၉)ရပ်ကွက်ရှိ မြေးမလေး ချစ်သဲ အကြောင်းကို ပြောပြချင်သည်။ ချစ်သဲ အသက်က (၁၆)နှစ် မပြည့်သေး။ ဆယ်တန်းကျောင်းသူ ဖြစ်သည်။ တစ်နေ့ မျက်ရည် စက်လက်ဖြင့် ကျွန်မ၏ တူမဖြစ်သူ ချစ်သဲ၏ အမေ ကျွန်မအိမ်သို့ ရောက်လာသည်။ ကျွန်မက ဘာများဖြစ်လာ ပါလိမ့်လို့ စိုးရိမ် စိတ်နဲ့ တူမဖြစ်သူကို ““ဟဲ့ မိဦးမျက်နှာလည်း မကောင်း ဘာဖြစ်လာတာလဲ”” ဟု မေးရာ တူမ ဖြစ်သူက ငိုသံပါကြီးနှင့် ““ကျွန်မ သမီးလေး ချစ်သဲ ကျောင်းကနေ ပြန်ရောက်မလာလို့  လိုက်ရှာတာပါ၊ သတင်းကြားတာကတော့ ကောင်လေး တစ်ယောက်နဲ့ လိုက်သွားတယ် လို့ကြားမိတယ်။ ခုချိန်ထိ ပြန်မလာသေးဘူး၊ အဲဒါ ဒေါ်ဒေါ့်ဆီကို ရောက်လာရင် ကျွန်မကို လှမ်းအကြောင်း ကြားပေးပါနော်””ပြောပြောဆိုဆို သမီးဇောနဲ့ ထွက်သွားသည့် မိဦးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။  အချစ်နှင့် တွေ့လျှင် မိဘ၏ရင်ကို ခြေစုံကန်ထွက်သွား သူ သား၊ သမီးတွေ လက်ညှိုးထိုး ရေတွက်လို့တောင် မရနိုင်ပါဘူး။
တစ်ချိန်တုန်းက မိဦးလည်း သူ့အမေကို ဒီလိုပဲ ထားခဲ့သူ ဆိုတော့ ကလေးတွေကိုလည်း အပြစ်ပြောလို့ မဖြစ်ပြန်ဘူး။ ခက်တာက ကလေးတွေက အသက် မပြည့်သေးဘူး။  နှစ်ဦးလုံး အလုပ်အကိုင် မရှိ၊  ကျောင်းနေတဲ့ အချိန်ဆိုတော့ ယောက္ခမ အိမ်မှာနေရင်း၊  ယောက္ခမ ကျွေးတာကို စားရင်း၊ ယောက္ခမ အလုပ်အကိုင်ကို ကူလုပ်ရင်း သူတို့ရဲ့ဘ၀ကို စခဲ့ကြသည်။  မိဦးတို့က စားရုံသောက်ရုံ တစ်နေ့လုပ် တစ်နေ့စားတွေ၊ သူ့သမီး အမျိုးသားရဲ့ အမေကလည်း အသင့်အတင့် ဆန်ဆိုင်လေး ဖွင့်နေတော့ နေရေး၊ စားရေး အဆင်မပြေဘူး ဆိုပါတော့။ ဒီလိုနဲ့ ကလေးတွေလည်း ပညာဆက် မသင်နိုင်၊ အမျိုးသား ဖြစ်သူကရတဲ့ ကျပန်းအလုပ်ကို လုပ်ရင်း ဘ၀ကို ရုန်းကန်ခဲ့ကြသည်။ ဒီလိုနဲ့ တစ်နေ့မှာ မြေးမလေး ကံကောင်းစွာဖြင့် အလုပ်တစ်ခု ရခဲ့သည်။ ခံ့ခံ့ညားညား အမျိုးသမီး တစ်ယောက်က မြေးမလေးနဲ့ တွေ့၍ အလုပ်လုပ် မလား မေးသည်။ မြေးမလေးက ဆယ်တန်းဆိုတော့ အင်္ဂလိပ်စာလည်း ကျွမ်းကျင်၊ အိမ်မှာ  စီးပွား ရေး ကလည်း အဆင်မပြေ ဆိုတော့ ““ရေငတ်နေတဲ့သူ၊ ရေတွင်းထဲကျ””ဆိုသလိုပါပဲ မြေးမလေးက ၀မ်းသာအားရ လုပ်မယ် ပြောလိုက်သည်။ ခံ့ခံ့ညားညား အမျိုးသမီးကြီးက လိုအပ်တာ အားလုံးကို ပြုလုပ်ပေးသည်။ အလုပ်ကတော့ ဆေးကုမ္ပဏီ ဆေးဆိုင်မှာ လုပ်ရမယ်လို့ ပြောပါသည်။ လစာက တစ်လကို နှစ်သိန်းကျော် ပေးမည်ပြောသည်။
ဒီလိုနဲ့ မြေးမလေးလည်း လိုအပ်သည့် ဆေးဝါးပစ္စည်း များကိုထည့် ဘ၀၏ စားဝတ်နေရေး အတွက် ချစ်တဲ့ ယောက်ျားနှင့် မိဘများကို ခွဲခွာကာ ခံ့ခံ့ညားညား အန်တီခေါ်ရာသို့ လိုက်ပါ သွားခဲ့လေသည်။  ဒီနောက်ပိုင်း မြေးမလေးနှင့် မတွေ့ဖြစ်ခဲ့ပါ။ ရက် ၂၀ လောက်နေတော့  မြေးမလေး အိမ်ရောက်လာ၍ ကျွန်မ အံ့သြမိသည်။ ““ဟယ် မြေးလေး တရုတ်ပြည် အလုပ် သွားလုပ်တယ်ဆို အလုပ်ကိစ္စနဲ့ လာတာလား””ကျွန်မအံ့သြစွာ မေးမိသည်။ ““သမီးရဲ့ အကြောင်းတွေ ပြောချင်လို့ ဖွားဖွားဆီကို တမင်လာခဲ့တာ။ သမီးကို ခုလိုကျန်းကျန်း မာမာ တွေ့ရတာကိုက ဖွားဖွားအတွက် ကံကောင်းတယ်မှတ်””““ဟေ့ ဟုတ်လား ဘယ်လိုဖြစ်ခဲ့ လို့လဲ””““ဘာတွေ ဖြစ်ခဲ့လို့လဲ၊ ဖွားကို ပြောပြပါဦး””ပြောရမှာတော့ အရှည်ကြီးပဲ နောက်ဆုံး သမီးကို သမီးဗိုက်ထဲက သားလေးလား၊ သမီးလေးလား မသိရသေးတဲ့ ကလေးက ကယ်လိုက်တာပဲ ဖွားဖွားရေ””မြေးမလေး ပြောတော့ ကျွန်မ အံ့သြမိသည်။ ဗိုက်ထဲက ကလေးက ကယ်လိုက်သည်တဲ့။ အဖြစ်က ဒီလိုသမီးတို့ကို ခေါ်သွားတဲ့ အန်တီနောက်ကို  သမီးတို့ လိုက်သွားတယ်။ ရန်ကုန်ဘူတာကြီး ကနေ ရထားစီးပြီး မန်္တလေးက တစ်ဆင့် လိုင်းကား စီးရပါသည်။
““ကဲ အားလုံးပဲ ဂိတ်ဆုံးပြီ””ကားသမား၏ အသံကို ကြားမှ ချစ်သဲ လန့်နိုးပြီး မျက်လုံး ဖွင့်ကြည့်မိသည်။ ““ကဲ သမီးချစ်သဲ ရောက်ပြီကွယ့်၊ သွားရအောင်””အန်တီလက်ဆွဲ ခေါ်သည့် နောက်ကို  လိုက်လာမိသည်။  မြန်မာပြည်နှင့် တရုတ်ပြည် နယ်စပ်လို့ ကျွန်မသိ လိုက်ရသည်။ ခိုးဝင်ပေါက် ဆိုလား၊ တရားမ၀င် ၀င်တဲ့အပေါက် ဆိုလား၊ အဲဒီကနေ ချစ်သဲကို ခေါ်သွားသည်။ အန်တီကြီး အလုပ်ပေးမယ့် နေရာကို ရောက်ခဲ့ပြီ။ 
တွေ့တွေ့ချင်း ဆောက်နဲ့ ထွင်းဆိုသလို အန်တီကြီး၏ အခန်းရှေ့က ဆိုင်းဘုတ်ကို ဖတ်ကြည့် မိရင်း ငါတော့ အလိမ်ခံရပြီနဲ့ တူတယ်။  ဒုက္ခပဲလို့ တွေးရင်း ခြေဖျားလက်ဖျားတွေ အေးလာပြီး အန်တီကြီးကို လှမ်းကြည့်မိသည်။ အန်တီကြီးကတော့ ပြုံးပြုံးနဲ့ပေါ့။ ““ဆေးဆိုင်မှာ ဆေးရောင်း ရမယ်ဆိုပြီး ခေါ်လာတဲ့ အန်တီကြီးရဲ့ ဆေးဆိုင်ဆိုတဲ့ နေရာမှာ အမှန်တကယ် တော့ ““အနှိပ်ခန်း””ဆိုပြီး ဆိုင်းဘုတ်တင် ထားတာ တွေ့လိုက်ရသည့် အတွက် ချစ်သဲ ရင်မှာ ဗလောင် ဆူခဲ့သည်။ ““အန်တီသမီးကို ပြောတော့ ဆေးဆိုင်မှာ ဆေးရောင်းဖို့ဆို အခု ဟာက ဘယ်လို ဖြစ်တာလဲ””  
“အော် ချစ်သဲရယ်  စမ်းလုပ်ကြည့်ပါ ဦးကွယ်၊ စီးပွားရေး အဆင်မပြေတဲ့ အတွက် ဒီမှာ လုပ်လို့ အဆင်ပြေသွားရင် အိမ်ကိုငွေပို့လို့ ရတာပေါ့ကွယ်””““ချစ်သဲ မလုပ်နိုင်ဘူး အန်တီ။ ချစ်သဲမှာ ယောက်ျားနဲ့၊ ချစ်သဲ ယောက်ျားကို  သစ္စာ မဖောက်နိုင်လို့  ယဉ်ကျေး သိမ်မွေ့စွာ  မွေးဖွားလာတဲ့ မိဘတွေရဲ့ ဂုဏ်သိက္ခာတွေကို အညှိုးနွမ်းခံပြီး ဒီအလုပ်ကို မလုပ်ပါရစေနဲ့ အန်တီ”” ““ချစ်သဲ မလုပ်ရင် ခုကုန်လာတဲ့ ပိုက်ဆံတွေကို ဘယ်လို ပြန်ပေးမလဲ စဉ်းစား ပါဦး၊”” ““ရန်ကုန် ပြန်ရောက်ရင်  ပြန်ရှာပေးပါ့မယ်၊ ချစ်သဲ မကြိုက်နှစ်သက်တဲ့ အတွက်  ဒီအလုပ် ကိုတော့ မလုပ်ပါရစေနဲ့””““ခဏလေးတော့ ဆက်လုပ် ကြည့်ပါကွယ်၊ လောလော ဆယ် ပြန်ပို့ဖို့က မလွယ်လို့ပါ””သည်လိုနဲ့ ချစ်သဲလည်း မနေချင်ပေမဲ့ အန်တီကြီးရဲ့ တောင်းပန်မှုကြောင့် လောလောဆယ် အခြေအနေ ကြည့်ပြီး မီးစင်ကြည့်က ရပေတော့မည်။
ဗဟုသုတ ရစရာတွေတော့ အများကြီး တွေ့ခဲ့ရသည်။ ပထမဦးဆုံး အန်တီကြီးတို့ဆီ စရောက်တဲ့ မိန်းကလေးတွေကို သင်တန်းပေးသည်။ နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးပေါ့။ ဧည့်သည်လာရင် ဧည့်သည်တွေကို ဘယ်လိုပြုစု လုပ်ကိုင်ပေးရမယ် ဆိုတဲ့ အကြောင်း တွေပေါ့၊ ချစ်သဲတို့  မိန်းကလေးတွေ အကြောင်းကို  တွေးရင်း စိတ်မကောင်း ဖြစ်မိတယ်။ ကိုယ့်မိန်းကလေး အချင်းချင်း၊ ကိုယ့်လူမျိုး အချင်းချင်းတောင် ခုလိုမျိုးဖြစ်အောင် ပြုလုပ် ရက်ကြတဲ့ လူပွဲစားလို့ပဲ ခေါ်မလား၊ လူမှောင်ခိုလို့ ခေါ်မလား လုပ်ရက်လေခြင်းလို့ အပြစ်မြင် မိသလို တစ်ဖက်ကလည်း စားသောက် နေထိုင်ရေး အဆင်မပြေလို့  လုပ်ကိုင်စားသောက် နေရပါလားလို့ တွေးရင်း စိတ်မကောင်း ဖြစ်မိသည်။ 'မိန်းကလေးတို့ အိနြေ္ဒ ရွှေပေးလို့မရ'' '' ခြေတစ်လှမ်း  ကုဋေတစ်သန်း ''  ''ခြောက်ပြစ်ကင်း သဲလဲစင်'' ''တော်ဝင်စံထား၊ မြန်မာ့အမျိုး သမီးများ''ဆိုတဲ့ ချစ်စရာ ကောင်းတဲ့ ချစ်သဲတို့လို မိန်းကလေးတွေ ရှားပါးသလောက် ဖြစ်နေပြီ လားလို့ စိုးရိမ်မိသည်။ ချစ်သဲကတော့ အန်တီကြီးကို အမြဲဘုကလန့် လုပ်သည်။ ဖောက်သည် ဧည့်သည်ဆိုတဲ့ လူတွေကိုလည်း အလိမ္မာနည်းနဲ့ မချေမငံ ဆက်ဆံပြသည်။  ဒီနည်းနဲ့ ချစ်သဲ ကိုယ့်ကိုယ်ကိုယ် အန္တရာယ် မရှိအာင် နေထိုင်သည်။ ဗဟုသုတ ရစရာ ပြောရဦးမယ်၊ အဲဒီ ဖောက်သည်ဆိုတဲ့ လူတွေက ဟိုင်းဝေးမောင်းတဲ့ ကားသမား အများစု ဖြစ်ကြသည်။  လူမျိုးစုံ ပါပဲ။ တစ် Section ကို ပိုင်ရှင်က ဘယ်လောက်ရသည် မသိ။ အဲဒီမှာ ခိုင်းစားခံရတဲ့ မိန်းကလေးတွေအတွက်  တစ် Section ကို ငွေ ၆ဝဝ ပဲပေးသည်။ ပြီးလျှင် ၆ဝဝ ထဲမှ ထမင်းဖိုး ထပ်ဖြတ်သည်။  Section များများရတဲ့ သူကတော့ အဆင်ပြေပြီး Section မရတဲ့ သူက အဆင်မပြေ နိုင်ပါဘူး။ ဒါကြောင့် အလုပ်ရှင် အန်တီကြီးက ဖောက်သည်များများ ရှာခိုင်းသည်။ များများရလေ သူတို့သူဌေး ဖြစ်လေပါပဲ။ ခိုင်းအစားခံ မိန်းကလေးတွေရဲ့  ဘဝ ကတော့ ဧည့်သည်များဆီက မုန့်ဖိုး ပေးခဲ့တာကို ရမှအဆင်ပြေ နိုင်သည်။  ခုလိုမိန်းကလေး ထဲမှာ ဘဝအစုံ ရှိလေသည်။ ဝါသနာပါ၍ လုပ်စားသူ၊ မထူးတော့ဘူး ဆိုပြီး ရေစုန်မှာ မျှောလိုက်သူ၊ ပြန်လို့မရတဲ့ အခက်အခဲကြောင့် ပြန်ခွင့်မရတဲ့သူ စသည့် အကြောင်း ကြောင်းတွေနဲ့ လုပ်ကိုင်စားသောက် နေထိုင်ရသည်ဟု သိရသည်။ ဘာပဲဖြစ်ဖြစ် ချစ်သဲ ကတော့ ချစ်သဲဘဝကို တန်ဖိုးထားသည်။ ထမင်းငတ် သေချင်သေပါစေ၊ သည်လို အလုပ်များတော့ တစ်သက်လုံး မလုပ်နိုင်ဘူး။  ဒါကြောင့် ချစ်သဲကတော့ မလုပ်နိုင်ဘူးလို့ဘဲ ငြင်းခဲ့သည်။ သည်လိုနဲ့ ဆယ်ရက်လောက် ကြာလာတဲ့အခါ ချစ်သဲရင်ထဲ မကောင်းဘူး။ အစား ပျက်လာသည်။ ပျို့အန်ချင်လာသည်။ ကိုယ့်ဘာသာကိုယ် စိတ်ထဲ မရှင်းတာနဲ့ ဆီးစစ် ကြည့်သည်။ ဘာမှ မတွေ့ရ။ အန်တီကြီးကို ပြောပြတော့ အန်တီကြီးက သူကိုယ်တိုင် ဆေးစစ် ပေးသည်။ ကံကောင်းချင်တော့ ချစ်သဲမှာ ကိုယ်ဝန်ရှိသည်ဟု အတိအကျ သိခဲ့ရသည်။  ချစ်သဲ အရမ်းဝမ်းသာ မိတယ်။  ကြိတ်ပြီး ဝမ်းသာမိ နေတုန်း အန်တီကြီးဆီက စကားသံ ထွက်လာသည်။ ''ချစ်သဲ ကိုယ်ဝန်ရှိနေပြီ ဖျက်ချမှ ဖြစ်မယ်'' ''အိုအန်တီရယ် ပြောရက် လိုက်တာ၊ မဖျက်ချ နိုင်ပါဘူး။ ချစ်သဲကလေးကို ချစ်သဲ မွေးမှာနော်'' ''ရန်ကုန်သာ ပြန်ပို့ ပေးပါနော်'' ''အေး နင်ပြန်ရင် လွယ်လွယ်နဲ့ ပြန်လို့ရတာ မဟုတ်ဘူး၊ ခိုးဝင်ပေါက်က နေပြန်ရမှာ''  ''ရတယ် အန်တီ ကျွန်မ မှတ်ပုံတင်နဲ့ ကျောင်းသားကတ်သာ ပြန်ပေးပါ။'' ''နယ်စပ် ခိုးဝင်ပေါက်ကနေ ပြန်ရမှာနော်၊ အန္တရာယ် အရမ်းများတယ်။'' အန်တီကြီးက ချစ်သဲ ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်နေသည်။ နောက်ဆုံး ချစ်သဲကို မျက်နှာလွှဲ ခဲပစ်ပြန်လွှတ် လိုက်သည်။  ရထားခ၊ ကားခမှ လွဲ၍ ငွေပို တစ်ပြားမှ ထည့်မပေး လိုက်ပါဘူး။ ချစ်သဲမှာ အိမ်ကို ပြန်ချင်တဲ့ စိတ်နဲ့ ကြောက်ရကောင်းမှန်း မသိ၊ သူတို့ပြောတဲ့ နယ်စပ် ခိုးဝင်ပေါက် ကနေ ထွက်လာပြီး ကားစီး၍ မန္တလေး ဘူတာမှာ ရထားစီးပြီး ရန်ကုန်ကို ပြန်ရောက် ခဲ့လေသည်။ အိမ်ရောက်တော့ ချစ်သဲ အမေ့ရင်ခွင်ထဲ ပြေးဝင်ပြီး ဖြစ်ကြောင်းကုန်စင် ပြောပြကာ  အားပါးတရ ငိုချလိုက်မိသည်။ ခလုတ်မထိ ဆူးမငြိဘဲ  မိခင်ကောင်း တစ်ယောက် ပီသတဲ့  စိတ်နဲ့အားမာန် အပြည့်နဲ့ အန္တရာယ်တွေ ကြားကနေ ကြိုးစားပြီး ပြန်လာခဲ့တဲ့ မြေးမ လေးချစ်သဲရဲ့ မိခင်စိတ်၊ မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ တန်ဖိုးထားတဲ့ စိတ်တွေကို ဂုဏ်ယူမိတယ်။ မြန်မာမလေးတွေ မြန်မာ မလေးတွေလို လှစေချင်သည်ဆိုတဲ့ အတိုင်း ပြင်းထန်တဲ့ အမျိုးသမီးတွေရဲ့ အေးမြတဲ့ မိခင်မေတ္တာ အစွမ်းကို ဖော်ပြနိုင်ခဲ့တာ ချီးကျူး အံ့သြဖွယ်၊ မှတ်တမ်းတင်ဖွယ် ကောင်းလှပေသည်။ ''ပုခက်လွှဲသော လက်များ ကမ္ဘာကို အုပ်စိုးနိုင်သည်'' ဆိုသည့် အတိုင်း မိခင်တိုင်းရဲ့ သတ္တိကို ဖော်ကျူးပြသ ခဲ့သည်မှာ ဂုဏ်ယူ ဖွယ်ဖြစ်သည်။
အရွယ်ရောက်နေတဲ့ မြန်မာ အမျိုးသမီးလေးတွေ အကြောင်းအမျိုးမျိုး၊ ဘဝ အမျိုးမျိုး၊ မိဘ ညီအစ်ကို မောင်နှမတွေနဲ့ ခွဲခွာပြီး ဝေးလံတဲ့ အရပ်တွေမှာ အလုပ်လုပ်မယ် ဆိုပြီး ထွက်သွား ကြတဲ့ မြန်မာ အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လှုပ်ရှားနေတယ် ဆိုတာ သိရတော့ စိတ်မကောင်း များစွာ ဖြစ်မိသည်။ အကြောင်း အမျိုးမျိုးကြောင့် ဘဝကို ရေစုန်မျှော နေရသော မိန်းကလေး များလည်း ရှိကြောင်းကို သိရတော့ ပိုပြီး စိတ်မကောင်း ဖြစ်မိသည်။ ကျွန်မတို့ အနေနဲ့ ဘာများ လုပ်ပေးနိုင်မလဲ၊ ဘာပဲဖြစ်ဖြစ် ခုဆိုရင် ကျွန်မတို့ မြန်မာနိုင်ငံမှာ အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံ အနေနဲ့ ၁၉၉၂ ခုနှစ်ခန့်က စပြီး လူကုန်ကူးမှု တားဆီး ကာကွယ်ရေး လုပ်ငန်း များကို စတင် ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီနဲ့ ၂ဝဝ၃ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ ''မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်''တို့ဟာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရနဲ့ စဉ်ဆက်မပြတ် အတူပူးပေါင်း ပါဝင် ဆောင်ရွက်နေသည်။ လူကုန်ကူးသူ တွေရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အမျိုးသမီးများထံ လူကုန်ကူးမှုရဲ့ သဘော သဘာဝ၊ နောက်ဆက်တွဲ ဆိုးကျိုး များနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်များ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
မြေးမလေးရဲ့ မိခင်စိတ်ကိုလည်း ချီးကျူးမိသည်။ ကိုယ်ဝန်ရှိပြီ ဆိုတာ သိလိုက်တာနဲ့  မမြင် ရသေးတဲ့ ကလေးအတွက် အားတွေအပြည့် ရှိလာပြီး ကြောက်စိတ်တွေ ပျောက်ပြီး သူ့ကို ခေါ်လာတဲ့ အန်တီရှေ့မှာ သောင်းကျန်းပြ၊ မကြောက်မရွံ့ အတိုက်အခံလုပ်ပြီး ရန်ကုန်ကို  တစ်ယောက်တည်း ရောက်အောင် ပြန်လာနိုင်ခဲ့သည်။ မြေးမလေးရဲ့ သိက္ခာ၊ အင်အား၊  မဟုတ်မခံတဲ့ စိတ်နဲ့ မမြင်ရသေးတဲ့ ရင်သွေးအပေါ်မှာ  ဖြစ်ပေါ်သည့် မွန်မြတ်တဲ့ မိခင် စိတ်တွေ၊ တန်ဖိုးတွေကို ဂုဏ်ယူမိသည်။ မြန်မာ အမျိုးသမီးတို့၏ တိုင်းချစ်ပြည် ချစ်စိတ်ဓာတ်၊ အမျိုးစောင့်တရားနှင့် ကြံ့ခိုင်သည့် အစဉ်အလာ၊ စွမ်းပကားနှင့် ဂုဏ်ရည်များကို တင့်တယ် ဝင့်ထည်စေခဲ့သည်။ မြန်မာ အမျိုးသမီးတို့ စွမ်းရည်သည် သာသနာမှာ အထင်အရှား တော်လေးဝဝင်ပမာ တင်စား ခံခဲ့ရခြင်း၏ ဂုဏ်ကို မြေးမလေး ချစ်သဲက ယုံကြည်မှု အပြည့်နဲ့ စွမ်းဆောင်နိုင်ခဲ့ ပေသည်။ ချစ်သဲလိုပဲ မြန်မာ အမျိုးသမီး ပေါင်းများစွာလည်း နွေးထွေးတဲ့ မိသားစု ရင်ခွင်သို့ ယုံကြည်မှု အပြည့်နဲ့ မြေးလေးလို အသိစိတ်တွေ ရပြီး မိသားစု ရင်ခွင်သို့ အမြန်ဆုံး ပြန်လာနိုင် ပါစေလို့ ဆုတောင်း လိုက်ပါ တယ်။    ။
လှလေးစိန်(ရွှေလုံမြေ)
You might also like:

မိန်းကလေးများ သတိပြု ဖတ်သင့် မှတ်သင့်သော အချက်များ

၁။ ။ ညအချိန်မှာ ဓါတ်လှေကားနဲ့ အထပ်မြင့် အဆောက်အဦကို လူစိမ်းယောကျာ်း တစ်ဦးနဲ့ နှစ်ယောက်တည်း တူတူတက်ရဖို့ အခြေအနေကြုံလာခဲ့မယ်ဆိုရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ဓါတ်လှေကားထဲကို ဝင်လိုက်ပါ... ပြီးရင် ကိုယ်သွားရမယ့် အထပ်ထိ အထပ်တိုင်းရဲ့ ခလုတ်ကို အကုန်နှိပ်လိုက်ပါ... ဥပမာ ကိုယ်သွား ရမယ့်အထ ပ်က ၉ လွှာဆိုရင် ၁ကနေ ၉ အထိ အကုန်နှိပ်ထားလိုက်ပါ... အထပ်တိုင်းမှာ ရပ်မယ့် ပွင့်မယ့် ဓါတ်လှေကားထဲမှာ သင့်ကိုဘယ်သူကမှ တစုံတရာ ထိခိုက်အောင် ပြုလုပ်ရဲမှာ မဟုတ်ပါဘူး....


၂။ ။ မိမိတစ်ယောက်တည်း အိမ်မှာ ရှိနေစဉ် လူစိမ်းတစ်ဦးဝင်လာပြီး ကိုယ့်ကို တစုံတရာ ဒုက္ခပေးဖို့ ဝင်လာခဲ့မယ်ဆိုရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ မီးဖိုထဲကိုပြေးပါ... ဘာလို့လဲဆိုတော့ ငြုတ်သီးမှုန့် ဘယ်မှာထား တယ်... ဓါးကဘယ်နေရာမှာ ထားတယ်ဆိုတာကို သင်က လူစိမ်းထက်ပိုသိလို့ပါပဲ... ဒီပစ္စည်းတွေ က လူတစ်ယောက်ကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ဖြစ် တဲ့အတွက် မိမိ ကိုယ်ကို ခုခံနိုင်အောင် အခွင့်အရေးများစွာ ရစေမှာ ဖြစ်လို့ပါပဲ... ဒါမှမဟုတ် အိုးခွက်ပန်းကန်တွေနဲ့ ပစ်ပေါက်ပြီး အော်ဟစ်အကူအညီတောင်းဖို့ အချိန်တစ်ခု ရစေနိုင်ပါတယ်... သင့်ရဲ့အော်ဟစ် အကူအညီတောင်းသံဟာ ခိုးကြောင်ခိုးဝှက်ဝင်လာသူ ဒုစရိုက်သားတွေ အတွက် အကြောက်ဆုံးအရာ တစ်ခုဆိုတာ မမေ့ပါနဲ့...



၃။ ။ ညအချိန်မတော် တစ်ယောက်တည်း Taxi စီးရဖို့ ဖြစ်လာခဲ့ရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ ကားထဲကို မဝင်ခင် ကားနံပတ်ကို မှတ်သား ထားပါ... ပြီးရင် ကိုယ့်ရဲ့မိသားစု ဒါမှမဟုတ် သူငယ်ချင်း တစ်ဦးဆီကို ဖုန်းဆက်ပြီး မိမိ ဘယ်ကား နံပတ်၊ ဘာကားအရောင်နဲ့ ဘယ်အချိန် ဘယ်နေရာကနေ Taxi စီးလာပြီ ဖြစ်ကြောင်း ကားဒရိုင်ဘာ နားလည်တဲ့ ဘာသာစကားနဲ့ ဖုန်းပြောပါ... တကယ်လို့ ဘယ်သူ့ကိုမှ ဖုန်းခေါ်လို့ မရလည်း ဖုန်းဆက်လို့ ရတဲ့ ပုံစံနဲ့ ဟန်ဆောင် ပြောပါ... ကားဒရိုင်ဘာဟာ သူ့ရဲ့ အချက်အ လက်တွေ ကို နောက် ထပ်သိတဲ့ လူတစ်ဦးဦးရှိနေကြောင်း သိနေတဲ့အတွက် မကောင်းမှု တစုံတခု လုပ်ဖို့ အတော် ဝန်လေးသွားပါလိမ့်မယ်... သင့်ကို မကောင်းတာ တခုခုလုပ်ရင် သူ့မှာလည်း ဒုက္ခရောက်နိုင် တာကြောင့် သင့်သွားလိုတဲ့နေရာကိုသာ တန်းတန်းမတ်မတ် ပို့ပေးပါလိမ့်မယ်... ဒီလိုနည်းနဲ့ Potential Attacker တစ်ယောက်က သင့်ရဲ့ Protector တစ်ယောက် ဖြစ်သွား ပါလိမ့်မယ်...


၎။ ။ အကယ်၍ Taxi Driver က လူရှင်းတဲ့လမ်း သို့မဟုတ် သင်သွားမယ့် နေရာနဲ့ မဆိုင်တဲ့လမ်း ထဲကိုမောင်းဝင်သွားခဲ့ရင်... သင်အန္တရာယ် ဧရိယာထဲရောက်ရှိနေပြီလို့ ခံစားရရင်...

လေ့လာတွေ့ရှိမှုများ၊ ကျွမ်းကျင်သူများရဲ့ အဆိုအရ သင့်လက်ကိုင်အိတ်ရဲ့ လက်ကိုင် သို့မဟုတ် လည်ပင်းမှာ ပတ်တဲ့ ပဝါအရှည်ကို အသုံးပြုပြီး ကားမောင်းသူရဲ့ လည်ပင်းကို နောက်ကနေ ရစ်ပြီး ခပ်တင်းတင်း ဆွဲထားလိုက်ပါ... သင့်မှာ လက်ကိုင်အိတ်ရော ပဝါရှည်လို လည်ပင်းကို ရစ်နိုင်တဲ့ ပစ္စည်းတစ်ခုမှ မပါရင်တော့ ကားမောင်းသူရဲ့ အင်္ကျီကော်လံနှစ်ဖက်ကနေကိုင်ပြီး ခုံနောက်ကနေ တင်းတင်းဆွဲထားလိုက်ပါ... အင်္ကျီအပေါ်ဆုံး ကြယ်သီးက ခုနက ပစ္စည်းတွေလိုပဲ ကားမောင်းသူကို လည်ပင်းအစ်စေပြီး သင့်ကို အန္တရာယ်က လွတ်ဖို့ အခွင့်အရေးတခုခု ရရှိစေနိုင်ပါတယ်...



၅။ ။ ညအချိန် တစ်ယောက်ယောက် နောက်ကနေ လိုက်ခြင်းခံရရင်...

ကျွမ်းကျင်သူများရဲ့ အဆိုအရ ဆိုင်တစ်ဆိုင် ဒါမှမဟုတ် အိမ်တစ်အိမ်ထဲကို ဝင်လိုက်ပါ... သင်ကြုံတွေ့နေ ရတဲ့ အခက်အခဲကို ရှင်းပြပြီး အကူအညီရယူပါ... ညဥ့်နက်လို့ ဆိုင်တွေလည်း မဖွင့်၊ အိမ်ထဲလဲ ဝင်ဖို့ မလွယ်ကူရင် ATM စက်ခန်းထဲကို ဝင်လိုက်ပါ... ATM box တွေတိုင်းလိုလို လုံခြုံရေး Camera တပ်ဆင်ထားပြီး၊ စောင့်ကြည့်နေတဲ့ လုံခြုံရေးအမြဲရှိနေတတ်တဲ့ အတွက်ပါပဲ... လူသိမခံလိုတဲ့ ဒုစရိုက်သမားတွေအတွက် ဒီလိုပြုလုပ်ခြင်းများဟာ သင့်အတွက် လုံခြုံမှုဖြစ်စေ မှာ ဖြစ်ပါတယ်...

-------------===-------------

ဒီစာလေးကို တွေ့မိဖတ်မိတဲ့အခါ မိန်းကလေးများအတွက် အမှန်တကယ် အသုံးဝင်တဲ့ အချက်တွေဖြစ်နေတဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်...သင်လည်း သင်ဂရုစိုက်တဲ့ အစ်မ၊ ညီမ၊ သူငယ်ချင်း မိန်းကလေး များအ တွက် ပြန် လည်လက် ဆင့်ကမ်း မျှဝေပေးကြပါ လို့လေးစားစွာ တိုက်တွန်းတင်ပြရင်း..