This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, 25 August 2014

Viber v4.0.0.1707 (For Andriod) Update





November 12, 2013 နေ့က Viber အသစ် Update လေး ထွက်လာလို့တင်ပေးလိုက်ပါတယ်။ အခု အသစိထွက် ထဲ့ Viber ရဲ့ ထူးခြားချက်က ဖုန်း Free Call ရင် အသံက အရင်ကထက် ကြည်လင်ပြတ်သားတယ်။ စာပို့ရင်လည်း stickers ပုံတွေ အရင်ကထက် ပိုစုံလာတယ်။ နောက်ပြီး  voice messages အသံ Message လည်း ပို့လို့ရပါတယ်။
လိုင်းမကောင်းတဲ့ အခါ တယောက်နဲ့တယောက် အသံချင်းပို့ပြီး စကားပြောလို့ အဆင်ပြေပါတယ်။ အရင် Version တွေထက်ပိုလန်းပါတယ်။ Andriod Version 2.2 အထက်တွေမှာ အားလုံး အဆင်ပြေပါတယ်။ စိတ်ဝင်စားသောသူငယ်ချင်းများ အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
>>>>>Download <<<<

Thursday, 7 August 2014

Windows 7 မှာအသံမလာဘူးဆိုရင်



ကျွန်တော်ဒီနေ့တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးဖြေရှင်းလို့ရမယ့်နည်းလမ်းလေးတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်..။ကျွန်တော်နည်းသုံးနည်းနဲ့ရှင်းပြပေးသွားပါမယ်..။တစ်ခုပြောချင်ပါတယ်..
မေးထားတာတွေကိုချက်ချင်းပြန်မဖြေပေးနိုင်ဘူးဆိုတာကျွန်တော်မေးထားတဲ့မေးခွန်းတွေနဲ့ပါတ်သတ်ပြီး
အဆင်ပြေပြီးအသုံးဝင်မဲ့အဖြေမျိုးကိုပဲအတက်နိုင်ဆုံးပေးချင်ပါတယ်..။ဖြေသာဖြေလိုက်ပြီးအဆင်မပြေဘူး
ဆိုရင်လဲဘာမှမထူးပါဘူး..။အခုကျွန်တော် Windows 7 မှာ Audio ပြသနာတက်နေတာနဲ့ပါတ်သတ်ပြီးမေး
ထားတာလေးတွေနဲ့ပါတ်သတ်ပြီးကျွန်တော်လေ့လာမိသလောက်အဆင်ပြေမယ်ထင်တဲ့နည်းလမ်းတွေကို
ပြန်ပြီးတော့မျှဝေပေးသွားပါမယ်.။

အရင်ဆုံး Windows 7 တင်ပြီးတဲ့အခါမှာအသံမလာတာနဲ့ပါတ်သတ်ပြီး Windows Update ပေးပြီးဖြေရှင်းလို့ရ
မယ့်နည်းလမ်းလေးကိုအရင်ဆုံးရှင်းပြပါမယ်.။အဲ့ဒီနည်းလေးကတော့လွယ်ပါတယ်..။ဘာမှလုပ်စရာမလိုပါဘူး..။
Windows Update ပေးလိုက်ပြီဆိုတာနဲ့လိုအပ်တဲ့ Sound Driver ကိုဒေါင်းလော့ချပြီး Install လုပ်ပေးသွားပါ
လိမ့်မယ်..။Windows Update ပေးလိုက်ယုံပါပဲ..။ဒီလိုမျိုး Audio ပြသနာတွေဖြစ်တာကစက်ကပါပြီးသား
Sound Card ကိုမသုံးပဲ Sound Card သက်သက်တပ်ထားတဲ့စက်တွေမှာဖြစ်တက်ပါတယ်။မိမိတို့တက်
ထားတဲ့ Sound Card Driver ကို Install လုပ်ပေးလိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..။





အောက်ကပုံမှာပြထားသလိုအဆင့်ဆင့်သွားပြီးလုပ်ရင်လဲရပါတယ်..။






နောက်တစ်နည်းကတော့ Motherboard နံပါတ်ကိုကြည့်ပြီး Google မှာမိမိစက်မှာလိုအပ်မဲ့ Sound Driver
ကိုရှာပြီးအသုံးပြုလို့ရမဲ့နည်းလမ်းလေးကိုရှင်းပြပေးပါမယ်..။အရင်ဆုံး Motherboard နံပါတ်ကိုဘယ်လို
ကြည့်ရမယ်ဆိုတာကိုအောက်မှာပုံလေးတွေနဲ့ပြပေးထားပါတယ်..။









အပေါ်မှာပြထားတဲ့နည်းအတိုင်းမိမိတို့ရဲ့ Motherboard နံပါတ်ကိုသိပြီဆိုရင် Google မှာ Mother နံပါတ်
နောက်မှာ Audio Driver လို့ရိုက်ထည့်ပြီးရှာပေးလိုက်ယုံပါပဲ..။ဒါဆိုရင်မိမိရဲ့စက်မှာအသံမလာတဲ့အခါ
Audio Driver ကိုရှာပြီးဖြေရှင်းတက်သွားမယ်လို့ထင်ပါတယ်..။



နောက်တစ်နည်းကတော့ Realtek ဆိုတဲ့ Driver လေးကိုသုံးပြီးဖြေရှင်းနည်းပါ..။ဒီကောင်လေးကအရမ်းကိုအ
သုံးဝင်ပါတယ်..။ဘယ်လို Audio အခက်အခဲမျိုးဖြစ်နေပါစေဒီကောင်လေးကိုမိမိတို့စက်မှာ Install လုပ်ပေး
လိုက်တာနဲ့တင်အဆင်ပြေသွားပါလိမ့်မယ်..။မှတ်ချက် ။ ။ Sound Card သက်သက်တပ်ပြီးသုံးတဲ့လူတွေ
အတွက်တော့အဆင်ပြေမှာမဟုတ်ပါဘူး..။အဲ့ဒီအတွက်ဘယ်လိုနည်းလမ်းသုံးရမယ်ဆိုတာအပေါ်မှာရှင်းပြ
ခဲ့ပြီးပါပြီ..။
အရင်ဆုံး http://152.104.125.41/Default.aspx ကိုသွားပါ..။ပြီးရင်အောက်ကပုံမှာပြထားသလို
HD Audio Codec Driver ကို Click ပေးလိုက်ပါ.။ပြီးရင် I accept the above ကိုအမှန်ခြစ်လေးပေး
ပြီး Next ကိုနှိပ်လိုက်ပါ..။ ပီးရင်တော့ မိမိတို့ Windows အမျိုးအစားကိုရွေးပြီးဒေါင်းလော့ချလိုက်ယုံပါပဲ.. ။
ဒေါင်းလော့ချပြီးသွား လို့Realtek Driver လေးရလာပြီဆိုရင်တော့ဒီကောင်လေးကိုမိမိတို့စက်မှာ Install
လုပ်ပေးလိုက်ယုံနဲ့မိမိစက်မှာဖြစ်နေတဲ့ Audio ပြသနာတွေအဆင်ပြေသွားပါလိမ့်မယ်...။အောက်မှာပုံလေးတွေ
နဲ့ဘယ်လိုလုပ်ရ မယ်ဆိုတာကိုလဲရှင်းပြပေးထားပါတယ်..။










ဒီလောက်ဆိုရင်တော့ Windows 7 မှာအသံမလာတာနဲ့ပါတ်သတ်ပြီးအဆင်ပြေသွားလမ့်
မယ်လို့ထင်ပါတယ်....

အားလုံးပဲအဆင်ပြေကြပါစေ......ကျေးဇူးတင်ပါတယ်ခင်ဗျာ....


credit http://www.nayminmaung.info

Wednesday, 23 July 2014

ကွန်ပျူတာ Desktop ပေါ်မှာ နာရီ တင်ထားဖို့ အတွက်


ကွန်ပျူတာ Desktop ပေါ်မှာ နာရီ တင်ထားဖို့ အတွက် အသုံးပြုတဲ့ Software ဖြစ်ပါသည်။ Window 7 အသုံးပြုသူများအတွက်မလိုအပ်သော်လည်း Window XP အသုံးပြုသူများအတွက် အသုံးဝင်ပါသည်။ နာရီ  အရွယ်ပမာဏ၊ အရောင် စသည်တို့ကို မိမိတို့စိတ်ကြိုက်နှစ်သက်သလိုပြောင်းလဲ ပြင်ဆင်ပေးနိုင်ပါသည်။



Portable Software တစ်ခုဖြစ်ပြီး Install ပြုလုပ်ပ်စရာမလိုအပ်ပဲ Double Click ကိုနှိပ်၍ အသုံးပြုနိုင်ပါ သည်။ Double Click နှိပ်လိုက်သည်နှင့် အောက်ဖော်ပြပါပုံအတိုင်းတွေ့မြင်ရမည်ဖြစ်ပြီး အသုံးပြုရန်အတွက် အသင့်ဖြစ်နေပါမည်။ Size တွင် နာရီ၏ အရွယ်ပမာဏကို အတိုးအလျော့ပြုလုပ်နိုင်ပါသည်။ Transparency တွင် ရွေးချယ်ထားသောနာရီ၏ အရောင်အနုအရင့်ကို ပြင်ဆင်နိုင်ပါသည်။ Image / Texture တွင် မိမိနှစ် သက်ရာအရောင်ကို ရွေးချယ်နိုင်ပါသည်။ Desktop ပေါ်တွင် မိမိရှိစေချင်သည့်နေရာသို့ Drag ဆွဲပြီးနောက် Fixed at that position ကို Check ပေး၍ အသေထားရှိနိုင်ပါသည်။ ကွန်ပျူတာဖွင့်သည်နှင့် Desktop ပေါ် တွင် ရှိစေလိုပါက Start With Window ကို Check ပြုလုပ်ပေးရပါမည်။ Download ချရန် 1.81 MB ခန့်သာရှိ ပါသည်။
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်

ကျနော်တင်တဲ့  Post  တွေကို

facebook Like မှာကြည့်ချင်းတယ်ဆိုရင် 

မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, 22 July 2014

Facebook Like box လုပ်နည်း


 facebook likebox စလုပ်ရအောင်
 Facebook fan page တစ်ခုရှိဖို့လိုပါတယ်fan page စလုပ်ရအောင်
သွားပြီတော့ Brand or Product ကိုကလစ်ပါ အောက်ကပုံအတိုင်းပေါ်လာပါမယ်

 ပြထားတဲ့အတိုင်လုပ်ပြီပါက ကျန်တဲ့အဆင့်တွေကတော့ပုံထည့်တာတွေပေါ့ 
ဘာညာဘာညာပေါ့နော်
ပြီပါက skip ကိုကလစ်လိုက်ပါ 
မိမိရဲ့facebookကိုသွားပြီ home ကိုကလစ်ပါ
fan page လေးတွေ့မယ် အောက်ကပုံကြည့်လိုက်ပါ ချမ်းချမ်းလွန် လိုမျိုးပေါ့
တွေ့ပြီဆိုရင်Right Click ပေါ့
Copy Link Location ကိုနှိပ်လိုက်ပါပုံမှာပြထားပါတယ် အောက်က
  
Copy Link Location ပြီပြီဆိုတော့ likebox စကြရအောင်
 
အောက်ကပုံမှာ ပြထားပါတယ်
Copy Link Locationထည့်မယ့်နေရာသိပြီဆိုတော့ အရွယ်အစား 
အရောင်တွေကြတော့ လုပ်တတ်မှာပါနော် 
 ကုဒ်တွေ အားလုံးကို 
ကော်ပီကူးပြီးတော့ မိမိဘလော့လေးရဲ့ HTML/javascript ကုဒ်ထည့်တဲ့ နေရာလေးမှာ
ထည့်ပေးလိုက်ရင်ပြီပါပြီ အချိန်မရတဲ့ကြားမှ ရေးတဲ့ပို့စ်ဖြစ်တဲ့အတွက်လိုအပ်တာ
ရှိရင်နာလည်ပေးပါလို့။။။။။

Wednesday, 9 July 2014

Photoshop အတွက် photo Backgrounds

                           ကျနော်ဘလော့ဂါကိုလားလည်းသော ဘော်ဘော်တို့ အတွက်
                           photo Backgrounds  လေးတင်ပေးလိုက်တယ် ကြိုက်ကြမယ်
                           မယ်လို့ မျှော်လင့်ပါတယ် သုံးပြုမယ်ဆိုရင် အောက်မှာဒေါင်းလင့်
                           ပေးထားပါတယ်
zippyshare အားလုံးဆင်ပြေပါစေ။ 
                                          

အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, 8 July 2014

Rar , Zip ဖိုင် ဗီဒီယိုဖိုင်တွေကို ပေါင်းစပ် တဲ့ဆော့ဝဲ



HJ-Split ဆိုတာသိကြမှာပါ zip,rar စတဲ့ဖိုင်တွေကို Split လုပ် recombine လုပ်ပေးနိုင်တဲ့ Tool လေးပါ။ဒီကောင်ကို Windows,Linux အပြင်အခြား platforms

တွေအတွက်ရရှိနိုင်ပါတယ်။

အင်တာနက်ကနေ ဒေါင်းလုပ်ဆွဲရင် ဆိုဒ်ကြီးတဲ့ဖိုင်တွေဆို zip ,rar နဲ့ချုံ့  ထားပါတယ်။ဒါအပြင် အဲဒီဖိုင်တွေကိုပဲ အပိုင်းလေးတွေနဲ့ တင်ထားပါတယ်ပြီးမှ အားလုံးဒေါင်းပြိးပြန် ပေါင်းစပ်ပါတယ် ။အဲဒီနေရာမှာ ဒီtoolလေးသုံးပါတယ်။ Portable ဗားရှင်းလေးမို့ install မလုပ်ပဲ သုံးနိုင်အောင်တင်ပေးလိုက်ပါတယ်။ 

 

 

 

                                                                                    
                                                                 OR

                                                                     
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, 4 July 2014

ကွန်ပြူတာ Notepad မှ မြန်မာစာ သိမ်းချင်တဲ့ သူတွေအတွက် မြန်မာစာပေါ်အောင် ဒီနည်းလေး ကို ကြည့်လိုက်ပါ

ကျနော်တို့ ကွန်ပြူတာသုံးတဲ့ သူတိုင်း ဟာ Website တွေထဲက စာတွေ, ကဗျာ တွေ ပြီးတော့ လင့်တွေကို Notepad ထဲမှာ သိမ်းကြပါတယ်။ အခု မြန်မာစာကို Notepad ထဲမှာ သိမ်းရန် Save ပြီးတိုင်း ပုံကလို ???? ပဲ ပေါ်နေတဲ့ သူငယ်ချင်းတွေအတွက် ဖြေရှင်းနည်းလေး ဖြစ်ပါတယ်။ လူဟောင်းတွေကတော့ လူတိုင်း နည်းပါး ဒါကို နားလည်ကြပါတယ်။ 
အခုမှ စသုံးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။ မေးလာကြတာလည်း များလာလို့ အလွယ် ကြည့်နိုင်အောင် ဒီနည်းလေးတင်ပေးလိုက်တာပါ။ ကွန်ပြူတာ သုံးသူတိုင်း လူတိုင်း ဖြစ်မနေ Notepad ကို အသုံးပြုရတာပါ။ အောက်မှာ ပုံနှင့်တကွ သေချာလေး ပြထားပေးပါတယ်။ အားလုံး နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
အရင်ဆုံး မိမိကွန်ပြူတာရဲ့ Dasktop နေရာလွတ်တခုခုကို Right Click ထောက်လိုက်ပြီး အောက်ကပုံကို ကြည့်လိုက်ပါ။

 New ကိုကလစ်ပြီး Text Documant ကို ကလစ်လိုက်ရင် Dasktop မှာ Text ဖိုင်တခု ဖြစ်လာပါတယ်။ အဲဖိုင်ကို ဖွင့်ပြီး မြန်မာစာရေးရင် အောက်က ပုံလို အတုံးတွေသာ မြင်ရပါမယ်။

 မြန်မာစာ မြင်ရဖို့က အောက်ကပုံကိုပြည့်လိုက်ပြီး ဆက်လုပ်လိုက်ပါ။ Format ကိုကလစ်ပြီး Font ကိုကလစ်လိုက်ပါ။
 ပြီးရင် အောက်ကပုံလို ဘောက်တခုကျလာပါမယ်။ အဲအခါဆိုရင် Zawgyi-One ကိုပြောင်းပြီး OK ပေးလိုက်ပါ။

 ဒါဆိုရင်တော့ မြန်မာလိုမြင်ရပါပြီ။ Save ဖို့က အောက်ကပုံကို ဆက်ကြည့်လိုက်ပါ။ အရင်ဆုံး File ကို နှိပ်ပြီး Save As ကို ကလစ်လိုက်ပါ။

Save As ကို ကလစ်ပြီးတာနဲ့ အောက်ကပုံလို ဘောက်တခုကျလာပါမယ်။ ဒီနေရာမှာ အရေးကြီးပါတယ်။ Encoding နေရာမှာ ANSI နဲ့ ပြနေပါတယ်။ အဲတာကို ဒီအတိုင်း Save လိုက်ရင်တော့ ???????? ပုံတွေပဲ ပေါ်ပါမယ်။ အောက်မှာ မြားပြထားသလို Unicode ပြောင်းပြီးမှ Save ပါ။
 ပြီးရင် Do You Want To Replay It ဆိုတဲ့ စာတန်းနဲ့ ဘောက်တခုကျလာရင် Yes သာပေးလိုက်ပါ။ ဒီအဆင့်ပြီးရင်တော့ အားလုံး အဆင်ပြေပါပြီ။

ဒီလောက်ဆိုရင် မေးထားကြတဲ့ သူငယ်ချင်းတွေ နားလည်လောက်ပြီထင်ပါတယ်။ 
အားလုံးအဆင်ပြေပါစေ...။ 
အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့  Post  တွေကို
facebook Like မှာကြည့်ချင်းတယ်ဆိုရင် 
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်