Tuesday, 29 October 2013
Firefox ကိုအမြန်ဆုံးဖွင့်မယ်
ဒီနည်းလေးတော့ ကျွန်တော်ကိုယ်တိုင်ကိုယ်တွေ့ပါဗျာ ။ တကယ်မြန်ပါတယ် .... နဂိုကဆို စောင့်နေရတာ Firefox ကို ဖွင့်ပြီးရင် အနည်းဆုံး နှစ်မိနစ်သုံးမိနစ်လောက်တောင်ဗျာ ။ စိတ်တော်တော်ပျက်တာ ။ ခုတော့ဗျာ ။ ငါးစကန့်လေးနဲ့တင် သုံးလို့ရနေပြီ ။ ဘယ်လောက်ကောင်းလိုက်တာလဲဗျာ ။ ကျွန်တော့်အတွက်လေ... ။ တကယ်လို့ စာဖတ်သူတို့များ အဲလိုဖြစ်ခဲ့သည်ရှိသော... ဒီနည်းလေးကို သတိရလိုက်ပါ ။ ခက်လည်း မခက်ပါဘူး ။ Gtalk Account ကို နှစ်ခုဖွင့်လို့ရအောင် လုပ်သလိုမျိုးပါပဲ Target မှာ စကားလုံးလေး ထည့်လိုက်ရုံတင် ။ စိတ်ဝင်စားတယ်ဆိုရင် လုပ်လိုက်ပါဗျာ ။ အာမခံတယ် တကယ်မြန်တယ် ။ ဒါကျွန်တော်ကိုယ်တိုင် လက်တွေ့မှာ မြန်နေလို့ ပြန်တင်ပေးလိုက်ပါဗျာ ။
ပထမဆုံး မိမိတို့ရဲ Desktop ပေါ်က Mozilla ကို Right Clink နဲ့ Properties ကို ရွေးလိုက်ပါဗျာ ။ အများ နားလည်လွယ်အောင် ပုံတွေနဲ့ တင်ပေးပါတယ် ။့
Propertiesနိပ်လိုက် သူ့ကို Box တစ်ခုတက်လာမယ်ဗျာ ။ အဲဒီမှာ Targetကို ကြည့်လိုက်ပါ ..Shortcut ကို အရင်တစ်ချက်နိပ်ပေးလိုက်ပါ ။
Target ကို တွေ့တယ် မလား ...အဲဒီမှာ exe''နောက်မှာ space bar တချက်နှိပ်ပြီ့း /prefetch:1 ကို ထည့်ပေးလိုက်ပါ ။
အပေါ်ကို ပုံက ထည့်လိုက်ပြီးဖြစ်တဲ့ပုံပါ ။ ပြီးရင် Apply >>> OK ပေါ့ ။ မြေခွေးလေးကို ဖွင့်ကြည့်လိုက်ပါ ။ မြန်လား မမြန်လားဆိုတာ.... ကျွန်တော်တော့ တကယ်ကြိုက်သွားပြီဗျာ ။ ဒီနည်းကိုလေ.........
ကွန်ပြူတာဖွင့်ဖွင့်ချင်း desktop တက်မလာလို့
ကျွန်တော်စက် မှာ တစ်နေ့က စက်ကိုဖွင့်ဖွင့်ချင်း desktop က တက်မလာတော့ဘူးဗျာ့.. plain screen
ကြီးပဲ ပေါ်လာတယ်...ဘာဆိုဘာမှ လုပ်မရဘူး...toolbars တွေရော Start Program တွေရော ဘာမှ မမြင်ရတော့ဘူး.
ဒါပေမဲ့ စက်ကိုပြန်ပိတ်ပြီး ပြန်ဖွင့်တော့ အရင်အတိုင်းပဲ ပြန်ပြန်ဖြစ်နေတယ်..Virus ကြောင့်များလားဆိုပြီး စစ်တော့လဲ Virus မရှိဘူး...အဲဒါနဲ့ ကျွန်တော်လဲ Registry ကိုသွားပြီးမွှေရတော့တာပေါ့...အဒီတော့မှာပဲ အဆင်ပြေသွားတော့တယ်
ကျွန်တော့်လို ဖြစ်နေတဲ့ သူငယ်ချင်းများလဲ ကိုယ်တိုင်းလုပ်လို့ရအောင် ဆွေးနွေးလိုက်တယ်နော်...ဒီထက် ပိုကောင်းတဲ့ နည်းလေးများရှိခဲ့ရင်လဲ ဆေနွေးအကြံပေးကြပါနော်....ကျွန်တော်လုပ်တဲ့ နည်းလေးကတော့...
က
Run Box ကိုဖွင့်လိုက်တယ်...Regedit ရိုက်ထည့်ပါ
Regiistry Editor ကျလာရင် HKEY_LOCAL_MACHIN ထဲက Software ထဲက microsoft ထဲမှာ Window NT
ထိရောက်အောင်သွာလိုက်ပါ... Window NT ထဲကမှာ CurrentVersion ထဲက Winlogon ထဲထိ အဆင့်ဆင့်ရောက် အောင်သွားလိုက်ပါ.....Winlogon ထဲရောက်သွားပြီဆိုရင် ပေါ်လာတဲ့ ဘေးက Box ထဲမှာ Shell ဆိုတာလေး ရှာလိုက်ပါ.....အဲဒီ Shell ဆိုတာကို ကလစ်နှိပ်ပြီး Explorer.exe ပြောင်းပေးပါ...ပြီးရင် စက်ကို Restart ချကြည့်လိုက်ပါ..ကျွန်တော်တော့ အဆင်ပြေသွားတာပဲ....ကျွန်တော်လို့ဖြစ်နေတဲ့ သူငယ်ချင်းများလဲ လုပ်ကြည့်နော်...
Monday, 28 October 2013
DVDFab 9.0.4.5 Full
DVDFab 9.0.4.5 အသစ်ထွက်လာလို့တင်ပေးလိုက်ပါတယ်.. အရင်ကလည်း Update ထွက်တိုင်း တင်ပေးနေကျ ဖြစ်ပါတယ်.. ဒီကောင်က DvD ကနေ DVDR ဆီကို Backup လုပ်နိုင်တယ်.. DVD တွေကို Copy Protect လုပ်နိုင်တယ်.. Data တွေကို ခွေတစ်ခွေနှင့်တစ်ခွေကူးရာမှာ သိပ်မြန်တယ်.. ခွေကူးရာမှာ DVD Disc (DVD + R / RW, DVD-R/RW, DVD + R DL, DVD-R DL). အမျိုးအစားတွေကို Support လုပ်ပေးတယ်.. CSS, CPPM, RC, RCE, APS, UOPs, ARccOS, RipGuard, FluxDVD, CORE X2 စတဲ့ခွေအမျိုးအစားတွေထဲက Copy Protect တွေကို ဖျက်ပစ်နိုင်တယ်.. ကဲ အများကြီးပါဗျာ..
ဒေါင်းမယ်ဆိုရင်ဒီမှာzippyshare ယူပါ
အဆင်ပြေပါစေ..
DVD နှင့် CD တွေကိုမိမိကွန်ပျူတာမှာကူးလို့မရရင် ရအောင်လုပ်ပေးမယ့် Software
ကဲဒီတစ်ခါ မိတ်ဆွေများအားလုံးအတွက်
အခက်အခဲလေးကိုရှင်းပေးချင်လို့ပါဗျာ..
မိမိကွန်ပျူတာမှာ DVD & CD တွေကို
ကူးရင်ကူးလို့မရဖြစ်နေသူတွေအတွက်
Software လေးမျှလိုက်ပါတယ်ခင်ဗျာ..
တစ်ချို့ခွေတွေကကူးလို့မရအောင်
လုပ်ထားတဲ့ခွေတွေရှိပါတယ်..အဲဒီအခါ
ကျရင်ဒီဆော့ဝဲလ်လေးနဲ့သာဆော်
ထည့်လိုက်ပါ..အဆင်ပြေပါလိမ့်မယ်ဗျာ.
POST BY>>> စစ်ကိုင်းသား
ခွေကူးလို့မရရင် ရအောင်လုပ်ပေးမဲ့ Wix-dvd- ripper
ကျွန်တော်တို့ အခွေတွေကိုကူးတဲ့အခါမှာ တချို့အခွေတွေကိုဆိုရင်ကူးလို့မရအောင်လုပ်ထားတာတွေရှိပါတယ်။ အဲ့လိုမျိုး အခက်ခဲတွေကြုံနေတဲ့ မိတ်ဆွေတွေ အတွက် ဒီ software လေးဆောင်ထားရင် အေးအေး ဆေးဆေးပဲပေါ့ဗျာ။
ဒီကောင်လေးကိုသာ install လုပ်ပေးလိုက်။ ကြိုက်တဲ့ ခွေလာ ကူးပြီးသားပဲဗျ။ သုံးချင်ရင်တော့ အောက်က link တွေကနေ download လုပ်နိုင်ပါပြီဗျာ။
အောက်က link တွေကနေ download လုပ်နိုင်ပါတယ်ဗျာ။
အားလုံးအဆင်ပြေကြပါစေဗျာ။
Aung Ko Htet (IT Studier)
















































