This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, 15 November 2013

Android ဖုန်း အသုံးပြုသူတိုင်းအတွက် Download ပြုလုပ်ရာတွင် အဆင်ပြေစေမည့် Advanced Download Manager Pro Apk v3.1.8


ADM ကနေ support လုပ်တဲ့ မည်သည့် browser မဆို(Chrome, Boat ,Dolphin နဲ့ Maxthon)
ADM ကအလုပ်လုပ်ပါတယ်။မိမိဒေါင်းမယ့်ဖိုင်တွေက်ု SD ကတ်ထဲ တခါတည်း တိုက်ရိုက်
ထည့်နိုင်တယ်။ ဆော့ဝဲတခု့ကိုဒေါင်းနေရင်းနဲ့ ရပ်ထားလိုက်မယ်ဆိုရင် နောက်မှအေးအေးဆေးဆေး 
မှဒေါင်းမယ် ဆိုရင်လည်း သူက  ရောက်နေတဲ့ ဒေါင်းလုပ် ဖိုင်ကနေပြန်စဒေါင်းပေးတယ်
အချိန်ကုန်သက်သာတာပေါ့။PC မှာ IDM လို Schedule နဲ့ဒေါင်းရသလို ADM  ကလည်း
Schedule နဲ့ download ခွင့်ပေးထားတယ်။ အဲ့ဒါကတော်တော်လေး အဆင်ပြေတယ်။။
သုံးမယ် ဆိုရင် အောက်မှာဒေါင်းသွားလိုက်ပါ။။။
 
 
အားလုံးအဆင်ပြေကြပါစေ။။

Camera360 Ultimate v4.7.8 (For Andriod)


Camera360 Ultimate v4.7.8 update လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။ ဒီနောက်ဆုံးထွက် Version မှာတော်တော်လေးလန်းတဲ့ effect လေးတွေ ပိုလာပါတယ်။ Camera360 ကိုသုံးနေကြ သူတွေကတော့ သိကြမှာပါ။ ရုပ်ကြမ်းနေတဲ့ သူတွေ အသား သာမန်လောက်မဲနေတဲ့သူတွေ Camera360 နဲ့ ပုံရိုက်လိုက်ရင် အသားမဲတောင် ဖြူသွားပါတယ်။ 
အရုပ်ကြမ်းနေရင်လည်း မပေါ်တော့ပါဘူး။ မျက်နှာက ချောသွားပါတယ်။ သာမန် Camera ထက် အများကြီး ပိုပြီးကောင်းပါတယ်။ ပုံတွေကိုလည်း Effect အမျိုးမျိုးနဲ့ ပြုပြင်လို့ ရပါတယ်။ Andriod Version 2.2 အထက်တွေမှာ သုံးလို့အဆင်ပြေပါတယ်။ 
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။

App Screenshots
Camera360 Ultimate - screenshot thumbnailCamera360 Ultimate - screenshot thumbnailCamera360 Ultimate - screenshot thumbnailCamera360 Ultimate - screenshot thumbnail
အားလုံးအဆင်ပြေပါစေ.......။

Your Uninstaller! Pro 7.5.2013.02 + Serial Key



13,11,2013 ရက်နေ့က Update လေးထွက်လာတဲ့ Your Uninstaller! Pro 7.5.2013.02 လေးကို တင်ပေးလိုက်ပါတယ်။ System ထဲက Application တွေကို Uninstall လုပ်တဲ့အခါ Your Uninstaller! Pro က အရမ်း အသုံးဝင်ပါတယ်။ ရိုးရိုး Uninstall လုပ်ရင် ကျန်တတ်တဲ့ Registery ဖိုင်တွေ မလိုအပ်တဲ့ အမှိုက်တွေကို Your Uninstaller! Pro က တခါတည်း ရှင်းလင်းပေးပါတယ်။
Your Uninstaller! Pro လေးက ဆော့ဝဲလ် Uninstall ဖို့ မကပဲ တခြား အရမ်းအသုံးးဝင်တဲ့ Feature တွေ ပါဝင် ပါသေး တယ်။ Startup Manager, Disk Cleaner, Start Menu, Trace Eraser, File Shredder, Windows Tools အစရှိတဲ့ Feature တွေပါဝင်ပါတယ်။
Startup Manager ပါဝင်ခြင်းအားဖြင့် ကွန်ပြူတာဖွင့်ရင် မလိုအပ်တဲ့ Auto လန်းနေတဲ့ ဖိုင်တွေ ကို Startup Manager နဲ့ ပိတ်ထားလိုရပါတယ်။ အဲလိုပိတ်ခြင်းရဲ့ အကျိုး ကတော့ ကွန်ပြူတာဖွင့်တာနဲ့ သိပ်မစောင့်ထိတော့ပဲ အလုပ်လုပ် အရမ်းမြန်စေပါတယ်။
Full Version သုံးရအောင် Serial Key ပါ တင်ပေးထားပါတယ်။ စိတ်ဝင်စားရင် အောက်ကလင့် မှာ ဒေါင်းယူနိုင်ပါပြီ။ 
အားလုံးအဆင်ပြေပါစေ.......။

ရွှေရိုး Dictionary (မြန်မာ အင်္ဂလိပ် ၊ ထိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊ ရုရှား) 5 ဘာသာ အဘိဓါန် ဆောဝဲ


 

ရွှေရိုး Dictionary လေးကတော့ ဘာသာ ၅ ဘာသာ အဘိဓါန် ဆောဝဲလေးပါ။ ကွန်ပြူတာထဲမှာ Install ထားရုံ လေးနဲ့ Offline အသုံးပြုနိုင်မှာပါ။ ကွန်ပြူတာသုံးနေတဲ့ မြန်မာလူမျိုးတိုင်း ဆောင်ထားသင့် ပါတယ်။ မြန်မာ နဲ့ အင်္ဂလိပ် ပင်မက ထိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊ ရုရှား စတဲ့ နိုင်ငံ ဘာသာစကားကိုပါ လေ့လာ လို့ရပါတယ်။
စိတ်ဝင်စားရင် အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။
  
အားလုံးအဆင်ပြေပါစေ.......။

himon UniMon Font & keyboard apk ( for android ) phone

 

android phone တွေအတွက် Mon Font & Mon Keyboard
သုံးချင်တဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်  Mon Font & Mon Keyboard  သုံထားတဲ့ ဖုန်းတလုံးက ဘာသာစာ/စကား (၂) မျိုးစလုံးကို ရေးနိုင်ဖတ်နိုင်မှာဖြစ်ပါတယ်  samsung galaxy ဖုန်း setting မှာ display , font style ပါသော ဖုန်းမှတာ အသုံးပြု လို့ရနိုင်မှာပါ တခြားဖုန်းအမျိုးစားတွေတော့ အသုံးပြုလို့ မရနိုင်ပါ ။။။
လိုအပ်ရင် အောက်မှာ စွဲစိလိုက်ပါ ။။။
သုံးခုလုံးဒေါင်းပီး install လုပ် နိုင်ပါပြီး။။။
စွဲလိုက်ပါ အောက်မှာ။။။



 

အားလုံးအဆင်ပြေကြပါစေ။။။

Thursday, 14 November 2013

CyberLink LabelPrint 2.5.3602 (Full Version) CD/DVD ခွေ တွေရဲ့ Cover ပုံတွေလုပ်တဲ့ ဆောဝဲ


Written By ဇော် မင်း သန်း on Saturday, October 26, 2013 | 1:04:00 PM


CyberLink LabelPrint လေးကတော့ CD/DVD ခွေ တွေရဲ့ Cover ပုံတွေ လုပ်တဲ့ ဆောဝဲလေး ဖြစ် ပါတယ်။ လက်ရှိ သုံးစမ်းကြည့်တာတော့ အရမ်းကို အဆင်ပြေပါတယ်။ လွယ်လည်း လွယ်ပါတယ်။ CD/DVD Label တွေကို ဒီဇိုင်းရေးပြီး Print ထုတ်နိုင်တဲ့ CyberLink LabelPrint ဆောဝဲလေးပါ။

CyberLink ရဲ့ နာမည်ကျော်ဆော့ဝဲတွေထဲက တခုပါ။ Install လုပ်နည်း...
-Setup ကို အင်စတောလုပ်ပါ။
-ဆော့ဝဲကို မဖွင့်ပါနှင့်။
-Crack ဖိုင်ကို C:\Program Files\CyberLink\LabelPrint\ မှာ copy and paste လုပ်ပါ။
 ပြီးရင်တော့ Full Version သုံးလို့ရပါပြီ။

စိတ်ဝင်စားရင်အောက်ကလင့်မှာ ဒေါင်းယူနိုင်ပါပြီ။



အားလုံးအဆင်ပြေပါစေ.......။

Gtalk မှာ မြန်မာလို မပေါ်ပဲ စာရိုက်ရင် အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက်


Written By နေဇော်လင်း- မီဒီယာ on Monday, October 29, 2012 | 9:37:00 PM

ကျွန်တော် ဒီ တစ်ခါတော့ Gtalk မှာ မြန်မာစာ မပေါ်ဘဲ အတုံးလေးတွေပဲ ပေါ်နေလို့ စိတ်ညစ်နေတဲ့ သူတွေအတွက် ကျွန်တော်က ရှင်းပြပေးပါ့မယ်ဗျာ။ ကျွန်တော့ IT Bank ရဲ့ Cbox မှာလဲ minminswe57@gmail.com ကိုမင်း ကမေးထားလို့ ကျွန်တော် ဖြေပေးလိုက်ပါတယ်ဗျာ။ 
ကျွန်တော် ကိုမင်း မေးထားတဲ့ ဒီမေးခွန်းလေး က ကြာပါပြီ။ ကျွန်တော် အလုပ်မအားလို့ Post တွေထဲ မရေးဖြစ် မေးထားတာတွေလဲ မဖြေဖြစ်ဘဲ အခုလို နောက်ကျမှ ဖြေပေးမိတဲ့ အတွက် ကျွန်တော် တောင်းပန်ပါရစေဗျာ။ အခုတော့ ကျွန်တော် ကိုမင်းဆိုတဲ့ အစ်ကို မေးထားတာလေးကော Gtalk မှာ မြန်မာစာ မပေါ်တာလေးကော ရောပြီး ရှင်းပြပေးလိုက်ပါတယ်နော်။ အရင်ဦးဆုံး ကျွန်တော်တို့ လုပ်ရမှာက Gtalk က Setting ကို သွားလိုက်ပါ ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။

အောက်က ပုံလေး အတိုင်းပြီးသွားရင်တော့ Gtalk Setting ရဲ့ General ဆိုတဲ့နေရာလေးကို ရောက်သွားပါလိမ့်မယ်။အဲ့ဒီမှာ Change Font ဆိုတဲ့နေရာလေးကို Click လိုက်ပါ။ မလုပ်တက်သေးရင် ကျွန်တော်အောက်မှာ ပုံလေး နဲ့ တကွရှင်းပြပေးထားပါတယ်ဗျာ။


အပေါ်က ပုံလေး အတိုင်းကော စာလေးကော လုပ်လို့ပြီးသွားရင် Change Font ဆိုတဲ့နေရာလေး ကို နှိပ်လိုက်ရင် Box တစ်ခု ကျလာပါလိမ့်မယ်။ အဲ့ဒီ Box လေးမှာ Zawgyi-One ဆိုတာလေးကို ရှာပြီး Click လိုက်ပါ။ပြီးရင် တော့ Ok ပေါ့။မရှင်းသေးရင် အောက်ကပုံလေး ကိုကြည့်လိုက်ပါနော်။
အဲ့ဒါမှ အဆင်မပြေသေးဘူး ဆိုရင် Internet Explorer ရဲ့ Tools က Internet Options ကို Click လိုက်ပါ။ အောက်က ပုံလေး အတိုင်းပေါ့ဗျာ။


Click ပြီးပြီဆိုရင်တော့ Internet Options က General ဆိုတဲ့ စာမျက်နှာလေး မှာ Fonts ဆိုတဲ့ နေရာလေးကို Click လိုက်ပါ ။ေ အာက်က ပုံလေး အတိုင်းပေါ့။

Fonts ဆိုတဲ့ နေရာလေးကို Click ပြီးသွားရင် ကျွန်တော်တို့ က နောက်တစ်ဆင့်မှာ Language script: ဆိုတဲ့နေရာမှာ Latin Based ကို ရွေးထားရမှာဖြစ်ပါတယ်ဗျာ။ပြီးရင် အောက်နားလေးမှာ Webpage Font: ဆိုတဲ့ နေရာလေးမှာတော့ Zawgyi-one ကို ရေးထားရမှာ ဖြစ်ပါတယ်ဗျာ။ကျွန်တော် အောက်ကပုံလေး အတိုင်း ပြောင်းရမဲ့ နေရာလေးတွေကို အနီဝိုင်းလေး ပြထားပါတယ်ဗျာ။အောက်ကပုံလေး အတိုင်း အဆင့်ဆင့် လုပ်သွားလိုက်ပါဗျာ။


အဲ့ဒါမှ အဆင်မပြေသေးရင် ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်း Language script: ဆိုတဲ့နေရာလေးကို Latin Based မပြောင်းတော့ဘဲ Myanmar ဆိုတာလေးကို ရွေးလိုက်ပါ။ပြီးရင် Webpage Font: နေရာလေးမှာတော့ Zawgyi-one လေးပေးထားလိုက်ပါဗျာ။ပြီးရင် တော့ နောက်ဆုံး အဆင့်အနေနဲ့ Ok ပြီးရင် Apply ပေါ့ဗျာ။

ဒါဆိုရင် မိမိ Gtalk မှာ မြန်မာလို စာရိုက်လို့ရပါပြီဗျာ။အဲ့... တစ်ခုတော့ ရှိတယ်နော်။ Zawgyi Font ကို မိမိ PC မှာ Install လုပ်ထားဖို့တော့ လိုအပ်ပါလိမ့်မယ်။ Zawgyi Font ကို မိမိ စက်ထဲ ထည့်ရမှာက နှစ်မျိုးရှိပါတယ်။ ZawGyi Keyboard ဆိုတာရယ် Font ရယ်ဆိုတာပါပဲ။ Keyboard ဆိုတာကတော့ မြန်မာလို Keyboard နဲ့စာရိုက်လို့ရအောင် လုပ်တဲ့ Software လေးပေါ့။Font ဆိုတာကတော့ မြန်မာ Gtalk တွေ Internet Browser တွေမှာ မြန်မာလို မြင်ရနိုင်အောင် အသုံးပြုတဲ့ Font ဆိုတဲ့ Software အသေးလေးပေါ့ဗျာ။

အဲ့ဒီ Software လေးကို ကျွန်တော့ ၀က်ဆိုဒ်ရဲ့ ဘယ်ဘက်ဒေါင့်လေးမှာ ဇော်ဂျီဖောင့် ရယူရန် ဆိုတဲ့နေရာလေးမှာ Download ရယူနိုင်ပါတယ်ဗျာ။ZawGyi Font Install လုပ်နည်းကို ကျွန်တော် နောက်ကျရင် Post တစ်ခု အနေနဲ့ရှင်းပြပေးပါ့မယ်ဗျာ။သိတဲ့ သူတွေအတွက် မခက်ဘူး ဆိုပေမဲ့ မသိတဲ့ သူတွေ အတွက်တော့ မလွယ်လှဘူးပေါ့ဗျာ။မဟုတ်ဘူးလား။ကျွန်တော် အခုလို ရှင်းပြထားတာလေးတွေကလဲ မသိတဲ့ သူတွေ အတွက်ပါဗျာ။
ကျွန်တော် သူငယ်ချင်းတွေ နားလည်အောင် ကျွန်တော် အတက်နိုင်ဆုံးလေး ရှင်းပြပေးထားပါတယ်ဗျာ။ သူငယ်ချင်းတွေလဲ ကျွန်တော်ရှင်းပြထားတာလေးကို အဆင်ပြေကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်ဗျာ။ ကျွန်တော်ဘက်က သူများတကာ ဆိုဒ်တွေထက် လိုအပ်မှုလေးတွေ ရှိရင် ဝေဖန်အကြံပေးနိုင်ပါတယ်နော်။ကျွန်တော် အတက်နိုင်ဆုံး ကြိုးစားပေးသွားပါ့မယ်ဗျာ။